ရှေ့နေကြီးနှင့်စာသင်တာတစ်လကျော်ကြာသွားသည်နှင့်အမျှ ကျွန်တော်တို့ဆက်ဆံရေး ပိုရင်းနှီးလာသလိုခံစားရသည်။
သည်ယနေ့လည်း ဦးအလုပ်ပိတ်တာမို့ မနက်အစောတည်းက ဦးဆီရောက်နေခဲ့ပြီး ငြိမ်းချမ်းနေသော ဦးရဲ့အလုပ်ပိတ်ရက်လေးကို ဆွန်းဟန်အသံဆူဆူတို့ကဖျက်စီးပစ်သည်။
" ချာတိတ် ထိုင်ချင်လည်းတစ်နေရာတည်းမှာထိုင်နေ၊ မဟုတ်ရင်လည်း အပြင်မှာသွားဆော့ ထိုင်လိုက်ထလိုက်နဲ့ ဘာဖြစ်နေလဲ "
" ပျင်းလို့ပါဆို ဦးကလည်း "
" ရပ်ကွက်ထဲက ကလေးတွေနဲ့ဆော့နေကျမလား ပျင်းရင်သွားဆော့လေ "
" ဦးကလည်း မဆော့ချင်ပါဘူးဆို "
ဝန်ဘင်း ဖတ်နေသောစာအုပ်ကိုပိတ်ချလိုက်ပြီး ဂနာမငြိမ်ဖြစ်နေသူအားကြည့်လိုက်သည်။ အခုဏတည်းက အိမ်ရှေ့ခန်းနဲ့နောက်ဖေးကိုခြေတိုအောင်လျှောက်နေတာ။တစ်အိမ်လုံးသူမရောက်ဖူးတဲ့နေရာလည်းမရှိတာကို အငြိမ်မနေလျှောက်သွားနေသည်။
ဒီကလေး သူ့ကို ဝန်ဘင်းအဖက်မလုပ်လို့ ဂျစ်တိုက်နေသည်ထင်။
" ကဲ...ကိုယ်တော်ဘာလုပ်ချင်သလဲပြော "
" ဟီး...ဦး ကျွန်တော်နဲ့ဆော့ပေးလေ "
" ငါ့အသက်အရွယ်ကမင်းနဲ့အတူဆော့ရမယ့်အရွယ်လား "
" ဦးအသက်ကဘယ်လောက်မို့လို့လဲ ၊ ကျွန်တော်လည်း 20ပြည့်ပြီးပါပြီနော် ဒါပေမယ့်ဆော့တာပဲကို "
ဝန်ဘင်းဘာမှမပြောဘဲ စိုက်ကြည့်ပေးလိုက်တော့...
" တော်ပြီ ဦးကပျော်ဖို့မကောင်းဘူး ၊ ဂိမ်းပဲဆော့တော့မယ် " ဟုပြောကာ ဖုန်းနဲ့ဂိမ်းဆော့နေပြန်သည်။
သူဂိမ်းဆော့နေလို့ ဝန်ဘင်းစာကောင်းကောင်းဖတ်လို့ရမလားမှတ်တယ်။ နှုတ်ခမ်းလေးက သာလိကာလိုတတွတ်တွတ်အော်နေတော့တာ။
ဝန်ဘင်းဘယ်လိုမှစာဖတ်လို့မရတော့သည်အဆုံး အိမ်ပြင်ထွက်ကာ လမ်းလျှောက်ဖို့လုပ်ရတော့သည်။
ဒီတော့လည်း ထိုကလေးကသူ့နောက်ကပ်ပါလာပြန်သည်။ ဟုန်းဆွန်းဟန် ကို ဝန်ဘင်းလက်မြှောက်အရှုံးပေးလိုက်ပြီ....။
![](https://img.wattpad.com/cover/366134801-288-k828212.jpg)
YOU ARE READING
Beside You
Fanfictionအသက်အရမ်းကွာပါတယ် ဖတ်ချင်မှဖတ်ကြပါ ကျတော်စိတ်ရူးပေါက်လို့ထရေးတာပါဟီးဟီး ㅠㅠ