" ချာတိတ်!! "
ဆွန်းဟန် လက်ကောက်ဝတ်ကို အမိအရလှမ်းဆွဲလိုက်တဲ့ ဦးရဲ့လက်ချောင်းသွယ်များ...။
ဟင့်အင်း...မခေါ်ပါနဲ့တော့။ချာတိတ်လို့မခေါ်ပါနဲ့တော့ ။ ကျွန်တော်ရူးသွားလိမ့်မယ်။
" မင်းဖျားနေတယ်လေ ချာတိတ် ၊ ဆေးထိုးမှပျောက်မှာလေကွာ "
ကျွန်တော်ထွက်ပြေးလာတာကို ဆေးမထိုးချင်လို့ဟုဦးကထင်နေပုံရသည်။
" ဖယ်ပေး ကျွန်တော့်ကိုလွှတ်! မထိနဲ့!! "
ကျွန်တော် ဦးရဲ့လက်ကိုအတင်းဆွဲဖယ်ကာ ထွက်ပြေးဖို့လုပ်တော့ ဦးကကျွန်တော့်ကိုနောက်မှသိုင်းဖက်လိုက်သည်။
အဝေးကြီးရောက်ပြီအထင်နဲ့ပြေးထွက်ခဲ့ပေမယ့် အခုထိကျွန်တော်တို့ အိမ်ရှေ့မှာပဲရှိနေတုန်းပဲ။
" မဆိုးစမ်းနဲ့ ချာတိတ်ရာ "
" သူနဲ့ဆို ဘာမှမလုပ်ဘူး "
ပြတ်သားစွာပြောလိုက်ပေမယ့် ကျွန်တော့်အသံတွေသေချာပေါက်တုန်ရင်နေလိမ့်မည်။
" ကိုယ်သိပြီ ကိုယ်သိတာမို့ ဖိနပ်မပါဘဲ ထွက်ပြေးဖို့စဉ်းစားနေတာကိုရပ်လိုက်ပါ ၊ ကိုယ်နဲ့တစ်ခြားဆေးခန်းကိုသွားမယ်နော် "
" ဒီလိုလုပ်နေတာ ကျွန်တော့်ကိုမျှော်လင့်ချက်ပေးနေတာနဲ့အတူတူပဲဆိုတာကိုရောသိရဲ့လား "
ကျွန်တော်တိုးတိမ်စွာမေးတော့....
" ကိုယ်တောင်းပန်ပါတယ် ဆေးခန်းကိုပဲအရင်သွားရအောင် မင်းကိုယ်တွေအရမ်းပူနေတယ် ချာတိတ်ရယ် "
ဦးက ကျွန်တော့်ကိုနောက်မှသိုင်းဖက်ထားဆဲမှ ထိုစကားကို ဆိုသည်။ ဦးလက်ပေါ်ကို
ကျွန်တော့်မျက်ရည်တွေကျဆင်းသွားသည်။ကျွန်တော်တို့အခြေအနေကလွဲမှားနေပေမယ့် ဘယ်ကစလွဲနေသလဲကျွန်တော်ကိုယ်တိုင်ပင်မသိတော့။
ဦးက သိုင်းဖက်ထားရာမှလွှတ်လိုက်ပြီး
ကျွန်တော့်ကိုသူ့ဘက်ဆွဲလှည့်ကာ ကျွန်တော့်မျက်ရည်တွေကိုသုတ်ပေးသည်။ထို့နောက် ကျွန်တော့်ကိုပွေ့ချီလိုက်ပြီးသူ့ကားဆီခေါ်ဆောင်သွားသည်။
YOU ARE READING
Beside You
Fanficအသက်အရမ်းကွာပါတယ် ဖတ်ချင်မှဖတ်ကြပါ ကျတော်စိတ်ရူးပေါက်လို့ထရေးတာပါဟီးဟီး ㅠㅠ