" ဆွန်းဟန်ရေ... ဟုန်းဆွန်းဟန်!! "
မနက်စောစော ဆွန်းဟန်ကို ခုနှစ်သံချီတက်အောင် အော်ခေါ်တတ်သူမှာ တစ်ဦးတည်းသာရှိသော သူငယ်ချင်းလေး မင်ဂျွန်းအပြင်အခြားမရှိ။ဒီကောင်ဘယ်လိုလုပ်ပြီးပြန်ရောက်နေတာလဲ။
" ချာတိတ် အိမ်ရှေ့မှာခေါ်နေတယ်လေ "
မနက်ခင်းတွင် သာယာငြိမ့်ညောင်းသောအသံက ဆွန်းဟန်ကိုဆူဖို့ဘက်အားများနေသည်။
ဦးအိမ်မှာ အိပ်တည်းက မနက်စောစောထတတ်သည့်အကျင့်ကို ဦးကလုပ်ယူပေးသည်။ ထို့ကြောင့် ဦးနှင့်အတူမနက်စာစားရသလို ဦးအလုပ်သွားရင်လည်းကားနားထိ ဦးရဲ့အလုပ်အိတ်ကိုယူသွားပေးသည်ကလည်းအကျင့်တစ်ခုလိုဖြစ်လာသည်။
" ဆွန်းဟန်ရေ... ဒီကောင်မနိုးသေးတာလား "
" ချာတိတ်!! "
" ဟုတ် ဦး ကျွန်တော်အခုသွားပြီ "
ဆွန်းဟန်မနက်စာစားနေခြင်းကိုအဆုံးသတ်ကာ အိမ်ဘက်ပြေးရသည်။
သကောင့်သားက အိမ်ရှေ့မှာအေးရာအေးကြောင်းထိုင်စောင့်သည်။နရင်းပိတ်ရိုက်ချင်လိုက်တာ။
" ဘာလာလုပ်တာလဲ စောစောစီးစီး "
အိမ်ရှေ့ခုံပေါ်ထိုင်ပြီးပြီးချင်း ဆွန်းဟန်ထံမှထွက်ပေါ်လာသောစကားသံ။
" မေးပုံကိုက ၊ မင်းအိမ်ကဒါဟုတ်ပါတယ် ဘာလို့ဟိုဘက်ကထွက်လာတာလဲ "
" ဘာလာလုပ်တာလဲပဲပြောစမ်းပါ ၊အကြောင်းမကြားဘာမကြားရောက်ချလာတယ် "
" ကိုယ့်အိမ်ကိုပြန်လာတာပဲ အကြောင်းကြားစရာလား ၊ ဆွန်းဟန် ဒါနဲ့"
" ဘာလဲ "
" ဟိုဒါ မင်းရဲ့ရှေ့နေကြီးလား "
ဆွန်းဟန် မင်ဂျွန်းပါစပ်ကိုလက်ဖြင့်အလျင်အမြန်ပိတ်လိုက်ပြီး ဦး အိမ်ဘက်ကြည့်လိုက်တော့ ဦးကတစ်ချက်သာလှမ်းကြည့်ပြီး ကားမောင်းထွက်သွားသည်။
ဦး ကိုမမြင်ရတော့မှ လက်ဖယ်ပေးလိုက်ပြီး မကြည်ကြည့်ကြည့်ကာ မင်ဂျွန်းဆိုတဲ့အကောင်ကိုဆဲရေးဆိုမိတော့သည်။
YOU ARE READING
Beside You
Fanfictionအသက်အရမ်းကွာပါတယ် ဖတ်ချင်မှဖတ်ကြပါ ကျတော်စိတ်ရူးပေါက်လို့ထရေးတာပါဟီးဟီး ㅠㅠ