" ဘာလာလုပ်တာလဲ ဟုန်းဆွန်းဟန် "
" ဦး....ဦးလေး "
အသံကြားရုံနဲ့တင်ဆွန်းဟန်ကိုယ်လုံးလေးတုန်တက်သွားသည်။ မေမေ့အစ်ကို ကျွန်တော်ရဲ့ဦးလေးကို ငယ်ငယ်တည်းကကြောက်ရွံ့ခဲ့ရတာ ခုကြီးလာတဲ့အထိမလား။
" ငါမင်းကိုဘာလုပ်လုပ်တာလဲမေးနေတာ ငါ့ကိုဒီအထိအရှက်လာခွဲတာလား "
ကျွန်တော်သည် ဦးလေးဒီမှာရှိမှန်းတောင်
မသိနေပါ။ဦးမှာထားတဲ့ ဖိုင်နဲ့စာအုပ်တွေလာပို့ပေးတာဖြစ်ပြီး ဦးကိုတွေ့ချင်လို့ကျောင်းတောင်ပျက်ခဲ့တာဖြစ်သည်။အခုတော့မှားပြီလားမသိပါ။ဦးအလုပ်လုပ်တဲ့ ဒီလိုကုမ္ပဏီကြီးတစ်ခုမှာ ကျွန်တော်ရဲ့ဦးလေးရှိနေမယ်လို့တော့ ဘယ်တုန်းကမှတွေးမကြည့်မိခဲ့ရိုးအမှန်။
" ကျွန်တော်.....ကျွန်တော်ချိန်းထားတာရှိလို့ပါ ဦးလေးဆီလာတာမဟုတ်ပါဘူး "
" ခံပြောနေပြန်ပြီငါ့ကို ၊ ဒါဘယ်လိုနေရာထင်နေလို့ မင်းရောက်လာလဲမသိပေမယ့်အခုပြန်တော့ ၊ ချိန်းထားတယ်ဆိုလည်း တစ်ခြားနေရာသွား ငါ့မျက်စိရှေ့ပေါ်မလာစမ်းနဲ့
ဟုန်းဆွန်းဟန် "" ..... "
" ငါတို့မိသားစု... မင်းတို့သားအမိကြောင့်အရှက်ရ ရတာတော်လောက်ပြီ "
ကျွန်တော်တို့သားအမိ ဘာမှမလုပ်တောင်အပြစ်မြင်နေကြသည်လူများကိုထွေထူးပြီးလည်းဒေါသထွက်မနေနိုင်တော့။ ကျွန်တော်နဲ့မေမေကဘာတွေများမကောင်းတာလုပ်နေလို့ သူတို့အရှက်ရစေတာလဲတော့မသိ ။ ယခုတော့ သူကိုယ်တိုင်ပူလောင်နေတာမြင်နေရသည်။
ကျွန်တော်ဦးလေးသည်ထိုကဲ့သို့ မလိုမုန်းတားမှုကို ကျွန်တော်ငယ်ငယ်တည်းကထင်ပေါ်စွာပြသခဲ့သည်။သူ့သားသမီးတွေကပိုဆိုးတာမို့ မေမေကသူ့အိမ်ကိုမပြန်တော့တာတောင်ကြာနေခဲ့ပြီ။
" ချာတိတ် "
" ဦး... "
ဆွန်းဟန်ကအခုမှအားကိုးရသွားသကဲ့သို့
ဝန်ဘင်းအား အားကိုးတကြီးကြည့်လာသည်။မျက်ဝန်းနက်တွေမှာဝန်းနည်းရိပ်တွေစွန်းထင်နေတာမို့ ဝန်ဘင်း ဆွန်းဟန်၏ခေါင်းလေးအားဖွဖွပုတ်ပေးပြီး လက်တစ်ဖက်ကိုဆွဲကိုင်လိုက်တော့ ရှေ့ကလူက အံ့ဩသလိုကြည့်လာ၏။
YOU ARE READING
Beside You
Hayran Kurguအသက်အရမ်းကွာပါတယ် ဖတ်ချင်မှဖတ်ကြပါ ကျတော်စိတ်ရူးပေါက်လို့ထရေးတာပါဟီးဟီး ㅠㅠ