ဝေးချင်ရင် ဘေးချင်းကပ်ရပ်နေပြီးလည်း ဝေးတာပါပဲ။
နေပြန်ကောင်းပေမယ့် မျက်နှာမကောင်းတဲ့ကျွန်တော့်ကြောင့် ထပ်ပြီးစိတ်ပူပန်နေရတဲ့မေမေ့ကိုလည်း အားနာမိသည်။
ဦးမရှိတဲ့အချိန်ဆို အိမ်ရှေ့ထွက်ကာ ဦးရဲ့အိမ်ကိုငေးသည့်အကျင့်ကို ဆွန်းဟန်ရက်ပိုင်းအတွင်းတတ်မြောက်ခဲ့သည်။
နောက်အပတ်ဆိုရင် ဒီအခြေအနေတွေမှရုန်းထွက်နိုင်တော့မည်မို့ သူအားတင်းကာဖြင့်အချိန်ရတုန်းလေး ဦးရဲ့အိမ်ဘက်ကိုထွက်ငေးဖြစ်သည်။
" လေတွေတိုက်နေတယ်သားရယ် ပြန်ဖျားအုံးမယ် အိမ်ထဲဝင်လေ "
" ဟုတ်မေမေ "
" မနက်က သားရဲ့ဦး သားစားဖို့ မုန့်နဲ့အသီးတွေလာပေးသွားတယ် "
ဆွန်းဟန် ရင်ထဲထိတ်ခနဲ။ခြေလှမ်းတွေတုံ့သွားပါသလိုမျက်မှောင်သည်လည်းအလိုလိုကြုတ်မိပြီးသားဖြစ်သွားသည်။
ဦး ဘာလို့ခုထိဒီလိုတွေလုပ်နေရတာလဲ ။ ကျွန်တော်မျှော်လင့်မိနေမှာကို မစာနာမိဘူးလား။
" မစားတော့ဘူး မေမေပဲစားလိုက်ပါ ၊ ခဏအိပ်လိုက်အုံးမယ်နော် "
" အေးအေး မေမေဆိုင်ကိုပြန်သွားရအုံးမှာ တံခါးတွေပိတ်ထားနော် "
" ဟုတ်မေမေ "
မေမေထွက်သွားပြီးသည်အထိ ဆွန်းဟန်စောင့်လိုက်ပြီး ခြံတံခါးရော၊အိမ်တံခါးပါပိတ်လိုက်ပြီး မိမိအခန်းထဲဝင်ခဲ့လိုက်သည်။
-
မင်ဂျွန်းဆီမှမပြန်ခင်ရက်.... ။
ကုတင်သေးသေးလေးပေါ် တစ်ယောက်ကိုတစ်ယောက်ကျောခိုင်းရင်း အိပ်နေကြရာတွင် ဆွန်းဟန်ကအရင်နိုးလာပြီး မိမိကိုယ်ကျောခိုင်းထားသောကောင်အား ခြေထောက်ဖြင့်ကန်ချလိုက်သည်။
" ဘာ....ဘာလုပ်တာလဲကွ "
အိမ်ချင်မူးတူးဖြင့် ထပြောသောမင်ဂျွန်းရုပ်သည်ခွက်ထိုးခွက်လန်ရယ်ပစ်ချင်စရာ။
" ဖုန်းလှမ်းယူတာ မတော်တဆ တမင်ဆောင့်ကန်လိုက်မိတယ် "
" နိုးလာတည်းကနော် နေကောင်းရင်တစ်မျိုး၊ ရော့....မင်းသောက်ဖုန်း အိပ်ရာနိုးရင်အေးဆေးနေ ငါပြန်အိပ်အုံးမှာ "

YOU ARE READING
Beside You
أدب الهواةအသက်အရမ်းကွာပါတယ် ဖတ်ချင်မှဖတ်ကြပါ ကျတော်စိတ်ရူးပေါက်လို့ထရေးတာပါဟီးဟီး ㅠㅠ