ထမင်းတွေဘယ်လိုဝင်သွားသလဲမသိပေမယ့် ဆွန်းဟန်ခေါင်းထဲယခုအချိန်ထိအတွေးတွေများနေဆဲ....။ သူ့ဦးနှောက်သေးသေးလေးက စဉ်းစားရတာများလွန်း၍ အလုပ်ပင်ကောင်းကောင်းမလုပ်တော့။
မေမေကဒီကိုညနေလောက်မှပြန်ရောက်လိမ့်မည်။ ဦးလေးဆော နေပြန်ကောင်းပြီဆိုတော့ သူ့ဆိုင်ကိုကြာကြာပစ်ထားရတာမကြိုက်တဲ့မေမေက ချက်ချင်းတန်းပြန်လာသည်။ ဆွန်းဟန်ကို နေမကောင်းသေးဟုထင်နေတာလည်းပါပါလိမ့်မည်။
" ချာတိတ် "
ဝန်ဘင်းခေါ်တော့ မျက်လုံးလေးဝင့်ကြည့်လာသည်။ အရင်ကဆို အမြဲတက်ကြွနေတဲ့ကလေးက နေမကောင်းပြီးနောက်ပိုင်း ဘယ်လိုလေးဖြစ်သွားမသိတာမို့ ဝန်ဘင်းမှာနေသားမကျ။
ကိုယ့်အိမ်ရောက်ပြီဆို နေရာလပ်မကျန်ခြေလိမ်အောင်လျှောက်သွားတတ်သူက ယခုအခါဆိုဖာပေါ်တွင် ငြိမ်ငြိမ်ကလေးထိုင်နေသည်။
" နေမကောင်းသေးဘူးလား "
စကားသံနှင့်အတူ နဖူးပေါ်သို့ ကျရောက်လာသောလက်ဖဝါးနွေးနွေး....။ ဆွန်းဟန် တစ်ကိုယ်လုံးပူရှိန်းသွားပြီး ကြက်သီးလေးတွေပါထလာသည်။ မနေတတ်လိုက်တာ.....။
" ကောင်းပါတယ် "
" ဒါဆို ဘာလို့ငြိမ်နေတာလဲ "
" ဘာမှမဖြစ်ပါဘူး ၊ ရှေ့နေကြီးလုပ်စရာရှိတာလုပ်လေ "
ဆွန်းဟန်ပြောလိုက်တော့ ဦးကမျက်မှောင်ကြုတ်ကာ တစ်ခုခုပြောမည်ကြံနေစဉ်မှာပင် ဦးထံသို့ဖုန်းဝင်လာသည်။
မကြည့်ရင်တောင် မြင်လိုက်ရသော အမည်နာမက 'ဟန်နာ' တဲ့။ ဆွန်းဟန် ဟိုးအမြင့်ကြီးမှ အောက်သို့ပြုတ်ကျသွားသလိုမျိုး ခံစားချက်ကို ကောင်းစွာခံစားလိုက်ရသည်။
အမှတ်မရှိလိုက်တာ ဟုန်းဆွန်းဟန်ရယ်။တစ်ခြားသူနဲ့စေ့စပ်ထားပြီးသားယောက်ျားတစ်ယောက်ဆီက ဘာကိုမျှော်လင့်နေမိတာလဲ??
ဦးက နေရာမှ ထထွက်သွားပြီး ကျွန်တော်နှင့်ဝေးဝေးကိုရောက်မှဖုန်းကိုင်သည်။ ဘာတွေပြောနေသည် မသိပေမယ့် ဦးကစိတ်ရှုပ်သလို မျက်ခုံးတို့ကိုတွန့်ချိုးထားလေသည်။
YOU ARE READING
Beside You
Fanfictionအသက်အရမ်းကွာပါတယ် ဖတ်ချင်မှဖတ်ကြပါ ကျတော်စိတ်ရူးပေါက်လို့ထရေးတာပါဟီးဟီး ㅠㅠ