" အစ်ကို "
" နောက်မှပြောဟန်နာ ကိုယ်ချာတိတ်ကိုအခန်းထဲအရင်သွားပို့အုံးမယ် အိပ်ပျော်နေလို့ "
ဝန်ဘင်းက ဆွန်းဟန်ကိုပွေ့လိုက်ရင်းထိုစကားအားပြောကာ ဟန်နာကိုပင်လှည့်မကြည် ရှေ့မှဦးစွာထွက်သွားသည်။
ညဆယ်နာရီခွဲလောက်သာရှိသေးသည်မို့ ပါတီကားမပြီးသေး။ဟိုတယ်ရှေ့က ရေကူးကန်နေရာမှာပဲ အသေးစားပွဲလေးက တီးလုံးသံတွေနဲ့စည်ကားနေသည်။
ဝန်ဘင်း၏အမူးသမားလေးက နမ်းနေရင်းအိပ်ပျော်သွားတာမို့ တော်ရုံပြန်မနိုးနိုင်တော့။
ဆွန်းဟန်ကို အိပ်ယာပေါ်သေချာ နေရာချပေးလိုက်ပြီး စောင်အထူကိုပါခြုံစေသည်။ထို့နောက် အဲကွန်းကိုလျော့ကာ ဆွန်းဟန်နဖူးလေးအားနမ်းပြီးမှ အခန်းထဲကပြန်ထွက်ခဲ့တော့သည်။
ပြဿနာတစ်ခုခုဖြစ်နေ၍လားမသိ ဟန်နာကသူ့ကိုခုလိုအားကိုတကြီးခေါ်တာရှားလွန်းပါသည်။ ဝန်ဘင်းခြေလှမ်းကိုသွက်သွက်လှမ်းရင်း ဟန်နာ့ကိုရှာရသည်။
" မေမေကဘယ်ကဘယ်လို "
မနက်မှလာမယ်ဆိုသူက ယခုမျက်စိရှေ့ရောက်နေခြင်းကိုအနည်းငယ်တော့အံ့ဩမိသည်။မေမေက ဝန်ဘင်းအားဘာမှမပြောဘဲ ခြေဆုံးခေါင်းဆုံးကြည့်နေ၏။
" ဘယ်တုန်းကရောက်သလဲ မေမေ "
" မင်းသည်းကဲနေတည်းကပဲ "
" အစ်ကို ခုဏတည်းကအန်တီရောက်နေကြောင်းဟန်နာပြောမလို့ပဲ "
ဝန်ဘင်းက ဟန်နာ့ကိုခေါင်းသာညိတ်ပြလိုက်သည်။
" ဖေဖေရော "
" ခရီးပန်းလို့နားနေတယ် လာခါနီးနေသိပ်မကောင်းလို့ ၊ ဟန်နာ သမီးငယ်ကနားသင့်ပြီ ကျန်တာတွေ သမီးအစ်ကိုဆက်လုပ်လိမ့်မယ် "
မေမေက ဝန်ဘင်းကိုပြောရင်းမှ ဟန်နာ့ကိုပါနားရန်တစ်ဆက်တည်းဆော်ဩသည်။
" မနက်ကျပွဲရှိသေးတယ် ဟန်နာ ၊ သူတို့ကိုလည်းခဏနေ သိမ်းခိုင်းလိုက်မယ် သွားနားတော့ ''
" ဟုတ်အစ်ကို ၊ အန်တီဒါဆိုသမီးသွားပြီနော် လိုအပ်တာရှိရင်သမီးကိုဖုန်းခေါ်လိုက်နော်အန်တီ Good night "
YOU ARE READING
Beside You
Fanfictionအသက်အရမ်းကွာပါတယ် ဖတ်ချင်မှဖတ်ကြပါ ကျတော်စိတ်ရူးပေါက်လို့ထရေးတာပါဟီးဟီး ㅠㅠ