" အဲ့တော့မင်းလူကြီးက မင်းကိုချစ်တယ်လို့မပြောရသေးဘူးပေါ့ "
" အေးပါဆိုကွာ ၊ ဟာ...ဟေ့ကောင်ဒါပဲ ဒါပဲ ငါဖုန်းချပြီ "
မင်ဂျွန်းနဲ့ဖုန်းပြောရင်း ဦးဆီမှဖုန်းဝင်လာတာမို့ မင်ဂျွန်းဖုန်းအားအလျင်အမြန်ချပစ်လိုက်ပြီး ဦးရဲ့ဖုန်းကိုလက်ခံလိုက်သည်။
" ဟယ်လို ဦး "
" အင်း "
" အခုနကလေ မင်ဂျွန်းနဲ့ဖုန်းပြောနေတာဦး "
" ချာတိတ် "
" ဗျာ "
" ကိုယ်မင်းကိုလွမ်းနေတယ် "
ဆွန်းဟန်လက်ထဲမှဖုန်းလေးကိုကျစ်နေအောင်ကိုင်လိုက်မိသည်။ ခရီးမှပြန်ရောက်တည်းက ဦးကအလုပ်ရှုပ်နေတာ ဆွန်းဟန်တို့ ညစာစားချိန်သာမျက်နှာခြင်းဆိုင်ဖြစ်ကြသည်။
ပြီးလျှင် ဦးကလည်း သူ့အလုပ်နှင့်သူ
ဆွန်းဟန်ကတော့ စာကြည့်လို့ပျင်းလာရင် TVကြည့် ၊TVမကြည့်ချင်တော့ရင်ဖုန်းကြည့် တစ်ပတ်အတွင်းအဲ့တာနဲ့သံသရာလည်နေတာ။မေမေ့ဆီပြန်တဲ့မနက်တောင် ဦးကအလုပ်မအားသည့်ကြားကလိုက်ပို့ပေးပြီး နာရီမခြားပင်အလုပ်ဖြင့်ခရီးထွက်သွားသည်။ပြောရမယ်ဆို ဆွန်းဟန်တို့မတွေ့ရသည်မှာ တစ်ရက်စွန်းစွန်းလောက်မျှသာရှိသေးပါသည်။
သို့သော် အိပ်တဲ့အချိန်ဖက်အိပ်တာကလွဲ ကျန်တဲ့အချိန်များတွင် အရင်လိုပူးကပ်မနေရတာတော့ရက်အနည်းငယ်ရှိလေပြီ။
" ကျွန်တော်ရောပဲ ဦးကိုလွမ်းတယ် "
" ကိုယ်နှစ်ရက်လောက်ကြာဦးမှာ "
" အဲ့လိုမှန်းသိလိုက်ခဲ့ပါတယ် "
ဆွန်းဟန်ပြောတော့ဦးထံမှရယ်သံတိုးတိုးကိုကြားလိုက်ရသည်။
" ဦး နေ့လယ်စာရောစားပြီးပြီလား "
" စားတော့မလို့ပါဗျာ ချာတိတ်ရော "
" ကျွန်တော်ကပြီးတာကြာပေါ့ ၊ ဦးအလုပ်လုပ်တာလည်းလုပ်နော် ထမင်းကိုအချိန်နဲ့လည်းစားဦးသိလား ၊ အခုစားမို့ဆိုစားတော့ ကျွန်တော်ဖုန်းချလိုက်တော့မယ် "
YOU ARE READING
Beside You
Fanfictionအသက်အရမ်းကွာပါတယ် ဖတ်ချင်မှဖတ်ကြပါ ကျတော်စိတ်ရူးပေါက်လို့ထရေးတာပါဟီးဟီး ㅠㅠ