" ဦး..... "
ကျောင်းရှေ့တွင် ကားကိုမှီကာရပ်စောင့်နေသော ဦးက suits အနက်ကိုဝတ်ဆင်ထားပြီး ချောမောခံ့ညားမှုက အများနှင့်မတူစွာထင်းထွက်နေသည်။ ဆွန်းဟန် ပြေးဖက်ချင်စိတ်ကိုမနည်းပင်ထိန်းချုပ်ထားရသည်။
ဆွန်းဟန် ကျယ်ကျယ်လဲမခေါ်ရဲပါ။ ကျောင်းဝန်းအတွင်းမှာပဲရှိနေသေး၍ အလျှိုအလျှိုပြန်နေကြသောကျောင်းသားများကြား ဦးအား ရဲရဲအော်မခေါ်ရဲ။
ဒီလူကြီးဟာလေ မနေ့ကမနက်ကမှ ကျောင်းရှေ့ထိလိုက်ပို့ပေးထားတာကိုခုထပ်ရောက်လာပြန်ပြီဟုတွေးရင်း ဆွန်းဟန်မှာပျော်မြူးနေသည်ကိုမဖုံးနိုင်မဖိနိုင်။
ဦးအားကွက်ကြည့်ကွက်ကြည့်လုပ်နေသောကျောင်းသားဦးရေပိုများလာပါသလို လည်ပြန်ကြည့်သွားသူများကလည်း မရေမတွက်နိုင်။ ကျောင်းသူများသာမက ကျောင်းသားအချို့ကပါ ဦးအား သမင်လည်ပြန်ငေးနေခြင်းအပေါ် သဝန်တိုစိတ်ကလေးအနည်းငယ်တော့ဖြစ်မိသွားရသည်။
အဲ့လောက်ကြီး ကြည့်ကောင်းနေရသလားဗျာ...။
ထင်ရှားသောမေးရိုးက အဝေးမှကြည့်ရင်တောင်ထင်းထွက်နေတာမို့ ဆွန်းဟန် အမြင်ကပ်ချင်လာသည်။ ဆွန်းဟန်ကိုမမြင်မချင်း မျက်လုံးကစားကလိုက်ရှာနေသော ဦးရဲ့မျက်နှာမှာတည်တင်းလျက်။
ဆွန်းဟန်ကိုတွေသွားတော့မှ မျက်လုံးများအရောင်တောက်လာပြီး ဆွန်းဟန်ကလွဲမည်သည့်နေရာမှအကြည့်မပို့တော့ပေမယ့် ခပ်ယောင်ယောင်လေးတောင် ပြုံးမလာ....။
ဆွန်းဟန်အနားရောက်တော့ ဦးက ဆွန်းဟန်လက်ဖဝါးအားသူ့လက်ဖဝါးကြီးတို့ဖြင့်ဆုပ်ကိုင်လာပြီး ကျန်လက်တစ်ဖက်ကလက်ချောင်းသွယ်များက ဆွန်းဟန်ဆံနွယ်လေးများထံသို့ကျရောက်သည်။ထိုအခါမှ ခပ်ရေးရေးအပြုံးကိုပြုံးပြပြီး ဆွန်းဟန်ကိုနွေးထွေးမှုတို့ပျော်ဝင်နေသောအကြည့်ဖြင့်ကြည့်လာသည်။
" ဦး..... "
" အင်း....ကိုယ်လွမ်းလို့ "
ဆွန်းဟန် တစ်ကိုယ်လုံး အကောင်သေးသေးများတက်နေသလို ခံစားသွားရသည်။ ပိတ်ရက်နှစ်ရက်လည်း အတူဖြတ်သန်းခဲ့ကာ မနေ့ကမနက်ထိတောင် ကျောင်းလိုက်ပို့သည်အထိအတူရှိခဲ့သေးသည်။ မတွေ့ရတာ တစ်ရက်မျှလောက်သာ ရှိအုံးမည်ဟု ဆွန်းဟန်ထင်သည်။
![](https://img.wattpad.com/cover/366134801-288-k828212.jpg)
YOU ARE READING
Beside You
Fanfictionအသက်အရမ်းကွာပါတယ် ဖတ်ချင်မှဖတ်ကြပါ ကျတော်စိတ်ရူးပေါက်လို့ထရေးတာပါဟီးဟီး ㅠㅠ