Epi 1: Rare Di*k

9.4K 370 171
                                    

(🆉)

မိန်းကလေးကိုယ်စီနှင့် ဝိုင်းသောက်နေကြသည့် သူငယ်ချင်း သုံးယောက်ကို ခါတိုင်းလိုပဲ သိပ်ဂရုမစိုက်မိ ။ အဝတ်မပါသကဲ့သို့ လုံလုံခြုံခြုံ မဝတ်သည့် မိန်းကလေးတွေကို ဂျောင်ကုမကြိုက်ချင် ။ ပေါင်ထိလောက်ပဲတိုပြီး ရိုးရိုးယဉ်ယဉ်လေးဆို လက်ခံလို့ရပါသေးတယ် ။

"မင်းတို့ ဟားလို့ မပြီးနိုင်သေးဘူးလား ငါပြောစရာရှိနေသေးတယ် "

"ပြောလေ Bro "

"ငါ ဒီနေ့ Partner ရှာမလို့ "

"Wow တကယ်ကြီးလား ဟျောင့် ကြက်သီးထစရာကြီးကွာ "

"အိုး...Bro ငါတို့ ထိုင်းထီတောင် ထိုးသင့်နေပြီနော် "

"နောက်ဆုံးတော့ လူငယ်ဘဝကို ခံစားကြည့်တော့မယ်ပေါ့ စိတ်ဝင်စားတဲ့ သူကောရှိလား ဒီ Clubထဲမှာ "

တစ်ယောက်တစ်ပေါက်ပြောလာသည့် စကားတွေကြောင့် ဂျောင်ကု မျက်ရိုးတွေကိုနှိပ်လိုက်မိသည် ။ ဘေးနားထိုင်နေသည့် ကောင်မလေးတွေက အင်္ကျီတွေကို ပိုဆွဲချကာ ဖော်ပြပြီး ဂျောင်ကုအား မြူစွယ်သည်မှာ ပြိုင်တူ ။ အဲ့ဘဲကြီးကို သဘောမကျတဲ့သူဘယ်သူကရှိမှာလဲနော် တစ်ညလောက်ဖြစ်ဖြစ် ပျော်ပါးချင်သည့် မိန်းကလေးတွေမှအများကြီး။

ခန္ဓီတရားပြည့်ဝလွန်းလှတဲ့ ဂျောင်ကုကြောင့်သာ ဘယ်သူမှသိပ်မထိရဲကြတာဖြစ်သည် ။ အခု ကောင်မလေးတွေ အခွင့်အရေးရှိကြတော့မှာလား ။

ဂျောင်ကုက သိသိသာသာမြူစွယ်နေကြသည့် ကောင်မလေးတွေကို မျက်ဖြူလန်ပြလိုက်ပြီး ခပ်ပြတ်ပြတ်ပြောသည် ။

"စိတ်ကူးတောင် ယဉ်မနေနဲ့ မင်းတို့လိုမိန်းကလေးတွေကို ငါမကြိုက်ဘူး "

"မင်း သန့်သန့်လေးကြိုက်တယ်ဆို ငါညွှန်းပေးရမလား ငါသိတာရှိတယ် "

"တော်ပြီ ငါ့ကိုယ်ငါ ရှာမှာ ငါက ချေးများတတ်လို့ "

"သိပါတယ် သိပါတယ် ရွှေမင်းသားလေးရယ် "

ဂျောင်ကု မျက်စောင်းထိုးနေကြတဲ့ ဘော်ဒါတွေကြောင့် ခပ်ဟဟရယ်လိုက်မိသည် ။

သူတို့ပြောသလို တစ်ခါတစ်လေလောက်တော့ တစ်ယောက်ယောက်နဲ့တစ်ညတာ ပျော်ပါးတာမျိုးလုပ်သင့်တယ်လို့ထင်မိတယ်။

Forever Partner {Completed}Where stories live. Discover now