''ရှား.....မင်းပျော်နေရဲ့လား''
phoneထဲမှမေးလာသောထိုမေးခွန်းအား
ရှားဘယ်လိုပြန်ဖြေရမယ်မသိခဲ့ပါ။ဒီနေ့ကသူနဲ့မောင်ရဲ့ လက်ထပ်ပြီးတလပြည့်။
ထိုနေ့မှာဘဲမောင်ကသူ့ကိုပြောခဲ့ပါသည်။''ခဗျားကိုယူမိတာကျတော်နောင်တရလို့မဆုံးဘူး'' တဲ့လေ။
ချစ်သူတွေဖြစ်စဥ်တုန်းက မောင်က ရှားကို လုံးဝချစ်ပေးခဲ့သည်သာ။ သူ့မျက်နှာလေးတချက်ပျက်သည်နှင့် ဘာလိုအပ်နေခဲ့သလဲဆိုတာကို တန်းသိသူသာ။
အခုတော့ မောင့်အချစ်တွေကလေထဲမှာပျောက်ခြင်းမလှစွာပျောက်ဆုံးခဲ့ခြင်း။
''စိတ်မပူပါနဲ့ ရှားအဆင်ပြေပါတယ်...ရှားကဘယ်သူမို့လို့လဲ...နောက်ပြီး...မောင်ကလည်းအရင်ကလိုဘဲ....ရှားကိုသိပ်ချစ်ပါတယ်..''
နောက်ဆုံးစကားကိုတော့သည်းမခံနိုင်စွာ ငိုချင်စိတ်အောင့်အီးပြီးပြောလိုက်ရသည်။
''ရှားအဆင်ပြေရင်ပြီးတာပါဘဲ....ရှားလိုအပ်တာရှိရင် ကို့ကိုပြောနော်....ကိုကရှားအတွက်အမြဲရှိနေတယ်...ဟုတ်ပြီလား''
''ဟုတ်ပါပြီဗျာ....ဒါဆိုရှား...phချပြီနော်....မောင်နဲ့တူတူ ဘုရားသွားမှာမို့.....''
''ကောင်းပါပြီဗျာ...''
ဟိုဘက်ကphoneချသွားမှ ရှိုက်ကြီးတငင်ငိုချလိုက်မိသည်။
မောင်မရှိတဲ့အခန်းလေးထဲမှာ ယောက်ျားရင့်မာကြီးဖြစ်တဲ့ ရှားပိုင်ဇေက အရှက်မရှိ ငိုတတ်ခဲ့တာကြာပြီ။
''မောင်...ရှားဘက်တော့...နည်းနည်းလေးငဲ့ကြည့်ပေးဖို့ကောင်းတယ်.....''
ငိုသံတွေပြည့်နှက်နေတဲ့အခန်းနဲ့အပြင်လူမရှိသော အထီးကျန်ဖွယ်ရာအိမ်တစ်လုံး။
~~~~~~~~~~~~~~~~~~~~~~~~~~~~
phone screen ကိုကြည့်ရင်းဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေတဲ့ကောင်ငယ်လေးတယောက်။
''ကိုမိုးမြင့်...phoneကိုကြည့်ပြီးဘာလုပ်နေတာလဲ...နန်းကိုလည်းပြဦးလေ''
ထိုကောင်ငယ်လေးက သူ့ဘေးရှိမိန်းမလှလေးအား ပွေ့ဖက်ရင်းနမ်းရှုံ့လိုက်ပြီး
YOU ARE READING
Sharr(Complete)