6

2.5K 129 5
                                    

မောင် ခရီးထွက်သွားသည်ကိုသဘောမကျစွာ သဘောကျနေမိသည်။

မောင်မရှိတဲ့အချိန်နေရတာအထီးကျန်ပေမယ့် မောင့်အငွေ့အသက်တွေရှိတဲ့မောင့်ရဲ့အခန်းငယ်လေးထဲက ကုတင်ထက်မှာ ရှားအိပ်ရတာနွေးထွေးနေပါတယ်မောင်။ ဟုတ်စ မောင်သာသိခဲ့ရင် ဆွဲထုတ်နိုင်တာမို့။

မောင့်ရဲ့အဝတ်တွေကိုသေချာပြန်စီရင်း မောင့်အခန်းကိုသေချာရှင်းရင်း မောင်မသုံးတော့တဲ့ပစ္စည်းတွေကိုပြန်စီနေရင်း ထွက်ကျလာတဲ့ပုံလေးတခု။

ပြုံးပျော်နေတဲ့မောင့်ရဲ့ပုခုံးကိုဖက်ထားတဲ့သူ။ သိပ်ကိုလှပကြည်နူးစရာကောင်းတဲ့ ဓာတ်ပုံလေးတခု။

မောင်နှင့်စတွေ့ချိန်ကိုတောင်သတိရသွားခဲ့တယ်။ အဲ့တုန်းကမောင်က ကြည့်အကောင်းဆုံးလူသားလေး။ ထိုလူသားလေးအားသူဘယ်တုန်းကနက်နက်နဲနဲချစ်မိသွားလဲမသိပါ။ ထိုလူသားလေးကလည်းချစ်တယ်ဆိုလာခဲ့တယ်လေ။

မသက်ဆိုင်သေးခင်အချိန်နဲ့သက်ဆိုင်ပြီးအချိန်မှာ ရှားနဲ့မောင်သိပ်ကိုပျော်ခဲ့ကြပေမယ့် ပိုင်ဆိုင်ပြီးနောက်ပိုင်းမှာတော့ မောင်ကရှားနဲ့ဝေးသထက်ပိုဝေးလာခဲ့တယ်။

''ရှားမှာ....မောင့်ကိုလက်လွှတ်ဖို့အင်အားမရှိခဲ့ရုံပါ...''

ထိုပုံလေးအားသူသေချာသိမ်း၍ နောက်ရက်မှဘဲဘောင်ကွတ်ထားတော့မည်။

မောင့်အခန်းအားရှင်းပြီးအိမ်အောက်ထပ်ဆင်းလာခဲ့သည်။ အိမ်ကနှစ်ထပ်ရှိသော်လည်း သူနှင့်မောင်နှစ်ယောက်တည်းသာ။

မောင့်မိဘတွေဆီမောင့်ကိုတောင်းခဲ့စဥ်က မောင့်အဖေက

''တစ် မင်းရဲ့Hetst company ရှယ်ယာတွေအကုန်ပေးရမယ်
နှစ် စီးပွားရေးလောက ကိုအပြီးတိုင်စွန့်ခွာရမယ်
သုံး ငါ့သားရဲ့ဝေယျာဝစ္စ မင်းအကုန်လုပ်ပေးရမယ်။အိမ်ဖော်မခေါ်နဲ့။
လေး မင်းသဘောတူလိုက်တာနဲ့ပြန်ပြင်ဆင်ခွင့်မရှိဘူး
ဘယ်လိုသဘောရလဲရှားပိုင်ဇေ....အန်ကယ်ကတော့...အဲ့အချက်တွေသဘောတူမှ......''

''လက်ခံပါတယ်.....မောင့်ကိုသာပေးမယ်ဆိုရင် အကုန်လက်ခံပါတယ်...''

Sharr(Complete)Where stories live. Discover now