companyမှာထိုင်ရင်း စာရင်းဇယားတွေရှင်းနေရင်းနဲ့မှရုတ်တရက်စိတ်လေးသလိုမနေတတ်သလိုဖြစ်လာခြင်းကြောင့်
လုပ်လက်စများခဏရပ်ထားလိုက်ပြီး
မခေါ်ဆိုရဲသောထိုph noလေးအားကြည့်ရင်းသက်ပြင်းချနေသောလူတဦး။''Boss ခဏနားပါဦး.....အလုပ်တွေဖိလုပ်နေတာ တလတောင်ရှိနေပြီ....ဒီတိုင်းဆိုBossလဲရုံတင်မကဘူး သေသွားတော့မယ်''
သူတချက်လောက်စူးစူးရဲရဲ ကြည့်လိုက်တော့
''Bossရယ်....တရက်တလေလောက်တော့နားပါဦး....စိုးရိမ်လို့ပြောတာပါဗျာ''
Goryen companyအားဦးဆောင်နေသူတယောက်ဖြစ်သည့်ရတုလွင်ကို ဝန်ထမ်းတွေလက်အောက်ငယ်သားတွေက မိသားစုအရင်းလိုဆက်ဆံပေးကြသည်။
''ငါနားလို့မရဘူး ကိုဇင်...''
''နားလို့ရပါတယ်...bossကိုကမနားချင်တာ.....Bossက.....''
ကိုဇင်ဆက်ပြောမလိုလုပ်ပြီးမှ အသံတိတ်သွားရသည်။ Bossရဲ့အလုပ်စားပွဲခုံပေါ်က Bossနှင့်အတူပြုံးပျော်နေသော ထိုလူ၏ပုံအားကြည့်ရင်းသက်ပြင်းမောချမိသည်။
''သူ့ကိုငါတွေ့မိလိုက်တယ်...သူအတော်လေးပိန်သွားတယ်...ဟိုကောင်က သူ့ကိုဂရုရောစိုက်ရဲ့လား....''
သူယူထားတဲ့ယောက်ျားဘဲဂရုစိုက်မှာပါလို့ပြောမိရင် သူ့ကိုစားမတတ်ဝါးမတတ်ကြည့်မှာကို ကိုဇင်သိသည်။
အရာအားလုံးကိုဇင်သိသည်။ မသိလျှင်ကိုဇင်မဟုတ်။
''အဲ့ကောင်ဂရုမစိုက်ရင်တောင်သူက အရွယ်ရောက်နေပြီဘဲ ကိုယ့်ကိုယ်ကိုဂရုမစိုက်ဘူးလား....''
''Bossသူ့ကိုသွားတွေ့လိုက်ပါလား....သူလည်းBossကိုတွေ့ချင်နေမှာပေါ့''
Bossက ကလေးဆန်သည်။ သူကြားချင်သည့်စကားအား ကိုဇင်ပြောလိုက်လျှင် လိုချင်သည့်အရာအားရသွားသည့်ကလေးလို မျက်နှာလေးရွှင်လန်းလာတတ်သည်။ ထို့ကြောင့် မာနကြီးနိုင်ချေရှိသည့်မျက်တောင်ကော့ကော့ မျက်ခုံးဖြောင့်ဖြောင့်နှာတံစင်းစင်း မထူမပါးနှုတ်ခမ်းနှင့် ကွေးညွတ်သည့်လေးသဏ္ဍာန် မျက်လုံးများကပင် သူ့၏ ချစ်စဖွယ်အသွင်ပေါ်မှုကိုမတားဆီးနိုင်ချေ။
YOU ARE READING
Sharr(Complete)