19

3.1K 113 0
                                    

''ရှား....အာ.....''

မောင်ကအာလို့ပြောတော့ရှားကပါးစပ်ဟပေးသည်။

မောင်က လိမ္မော်သီးကိုပါးစပ်ထဲခွံ့ပေးသည်။လိမ္မော်သီးအစေ့ထွေးရန်လုပ်တော့ မောင်ကသူ့လက်ဖဝါးကိုပါးစပ်ရှေ့တိုးပေးသည်လေ။

''ရတယ်ရှား....မောင့်လက်ဖဝါးထဲထွေးလိုက်....မောင်လွှင့်ပစ်လိုက်မယ်....''

ရှားသူ့ကိုမျက်စောင်းထ်ိုးလိုက်ပြီးမောင့်လက်ဖဝါးထဲကိုအစေ့တွေထွေးလိုက်သည်။မောင်ကအစေ့တွေကိုလွှတ်ပစ်ပြီးလက်ကို wet tissue နဲ့သုတ်သည်။ ပြီးတော့အလိုက်တသိပင်။ မျက်နှာနားကိုလက်တိုးပေးသည်။

ရှားကမောင်းရဲ့လက်နဲ့သူ့ရဲ့မျက်နှာထိတွေ့နေရတာကိုသဘောကျတာမောင်မှတ်မိနေသေးသည်။ မောင်တကယ်သူ့ကိုချစ်ပေးပြန်တော့သူတကယ်ပီတိဖြစ်ရပါသည်။

''ကိုရှားပိုင်....ဆေးသောက်ရမယ့်အချိန်ရောက်နေပြီ.....''

ရှားမျက်လုံးဖွင့်ကြည့်တော့နန်းကသူ့ကိုဆေးနဲ့ရေကမ်းပေးနေသည်။ နန်းက ရတုရဲ့ညီမမို့ သူနန်းကိုခွင့်လွှတ်လိုက်သည်။ အဓိက ကမောင်သူ့ကိုချစ်လျှင်ရပြီလေ။

သူဆေးလုံးယူပြီးရေနဲ့မျှောချလိုက်တော့မောင်ကသူ့လက်ထဲကရေခွက်ကိုယူဘေးချပေးပြီးသကြားလုံးထုပ်ဖောက်ကာ ရှားရဲ့ပါးစပ်ထဲကိုခွံ့ကျွေးသည်။

''မောင့်ရှားလေးခါးနေမှာစိုးလို့...''

''ဟုတ်တယ်မောင်ရယ်...ဆေးကအရမ်းခါးတာဘဲ....''

ဒီဆေးလေးများသူဝါးစားလို့တောင်ရသည်။ မောင်ကဂရုစိုက်နေသည့်အခါတွင်တော့ ဆေးမကြောက်လည်းကြောက်ဟန်ဆောင်ရသည်လေ။

''မောင့်ရဲ့ရှားလေးကတော်တယ်ဗျာ....ဆေးကိုမြန်မြန်သောက်နိုင်တယ်....''

မောင်ကပြောလည်းပြောခေါင်းလေးလည်းပုတ်ပေးတော့ တစ်လောကလုံးကိုအပိုင်စားရသလိုကို ရှားပျော်မိသည်။ မောင်ပေးသည့်အကြင်နာတို့က သူ့အတွက်တော့အဖိုးတန်လွန်းလှသည်လေ။

''ကို....ကိုလည်း......နေ့လည်စာစားဖို့အချိန်ရောက်နေပြီ....သွား...သွားစား.....ကိုကြီးရတုရှိတယ်....သွားစား....''

Sharr(Complete)Where stories live. Discover now