နောက်တရက်မှာဘဲ ရှားရဲ့လင်ယောက်ျား ပြန်ရောက်လာတယ်လို့တော့သတင်းကြားရတယ်။ သွားတော့မကြည့်။
''Boss...ဒီနေ့meetingရှိတယ်....''
''သိတယ်....ရှယ်ယာရှင်တွေအကုန်ပါတယ်မဟုတ်လား....''
''ဟုတ် Boss... နောက်ပြီးနောက်နှစ်ရက်နေရင် companyက ကျင်းပတဲ့partyနော်....Bossက....Bossရဲ့လူကိစ္စနဲ့ဘဲ မေ့နေတတ်လို့.....''
Boss က ခေါင်းမာပြီးပေးဆပ်တတ်သည့်သူ။ သူချစ်တဲ့လူကို ရယူမယ့်အစား ဘေးကနေထောက်ပံ့ပေးချင်တဲ့လူ။ Bossနဲ့အနီးကပ်နေခဲ့ရသူအဖြစ် သူBossအကြောင်းအကုန်နီးပါသိသည်။
''အဲ့ပွဲမှာ သူရောရှိနေမှာလား...''
ကိုဇင်နားလည်စွာနှင့်ခေါင်းငြိမ့်လိုက်တော့Bossကပြုံးကာ
'' ငါ့ပုံစံမဟုတ်ပေမယ့် ကြိုးစားရမှာပေါ့......ကိုဇင်...သူ့ကိုကြိုဆိုဖို့ပြင်ပေးထားပါဦး.....''
''ဟုတ် Boss''
ကိုဇင်ထွက်သွားတော့ခုံကိုမှီရင်း...
''မင်းရှားကိုဂရုစိုက်မစိုက်....ဒီမှာသိသာသွားမှာဘဲ......ဂရုစိုက်နေတာဘဲ ဖြစ်ပါစေ....''
သူရှားကိုလုနိုင်ပေမယ့် မလုရက်ခဲ့ဘူး။ ရှားက ရှားရဲ့မောင်နဲ့ဘဲပျော်သည်မို့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
''ခွပ်......''
ပြင်းလှတဲ့လက်သီးကြောင့် ပူထူပြီးသွေးထွက်သွားပေမယ့် ကြောင်အစွာကြည့်နေမိသူ။
''မောင်.....''
မောင်ကသူ့ကိုလက်ပါသည်တဲ့။ မယုံကြည်နိုင်စွာပင် လက်တွေ့ကိုငြင်းဆန်ပြီးမောင့်ကိုကြည့်နေမိသည်။ မျက်ဝန်းထဲကမျက်ရည်တွေကိုမောင်မှမြင်ပါလေစ။
''ခဗျားကအသက်ကြီးပြီးပျော့တိပျော့ဖက်နဲ့ပါလား...ဘာလဲ လူသနားအောင်နေပြတာလား....ခဗျားရဲ့လင်ကိုပြီးရင်ပြန်တိုင်မှာမဟုတ်လား.....''
''မောင်....ဘာတွေပြောနေတာလဲ.....''
ရှားနားမလည်စွာမောင့်ကိုမေးလိုက်တယ်။
''ခဗျားတောင်မှ...မင်းရဲ့လင်ကိုအိမ်ခေါ်သေးတာဘဲ....ကျတော်ကရော နန်းကိုအိမ်ခေါ်ခွင့်မရှိဘူးလား.....''
YOU ARE READING
Sharr(Complete)