17

3.2K 113 1
                                    

''ရှား.......သူတယောက်ထဲ ဖြစ်​နေတယ်....ကိုပြန်မှရမယ်....''

သူကို့လက်ကိုတစ်ကိုယ်ကောင်းဆန်စွာဆွဲထားမိသည်။

မောင်ကသူ့ကိုပွေ့ချီပြီးsofaပေါ်ချအပြီးတွင်သူချစ်ရပါသောရှားကိုသတိရနေသည်။

''ကိုရယ်...ရှားကဘာမှမဖြစ်ပါဘူး.....နန်းနဲ့တူတူနေပေး....''

မောင်ကမျက်မှောင်ကျုံ့ပြီး

''ဒိနေ့ကရှားနဲ့ကို့ရယ့် လက်ထပ်ပြီးတလပြည့်လေ....သေချာပေါက်ရှားက တူတူရှိချင်နေမှာ......ဒါပေမယ့်...ဘာလို့ကိုကဂရုစိုက်နေရတာလဲ.....''

''ကို....ဆေးရော...သောက်ပြီးပြီလား....''

''အင်း....မောင်သောက်ပြီးပြီရှား....''

ကဲ ကြည့် ။ စကားပြောနေရင်းပင် နန်းနဲ့စကားပြောနေတာကိုမေ့ပြီး သူ့ရဲ့ရှားလို့ပင်ထင်နေသည်။

''ကျစ်....sorry နန်း....ကို့စိတ်ထဲမှာလေ....တခုခုတော့တခုခုဘဲ....နန်းနားထောင်ပေး.......''

နန်းရဲ့စိတ်ကိုလျော့ပြီးမောင့်ရဲ့ပြသနာကိုနားထောင်ပေးရဦးမယ်။မောင်က မျက်နှာလေးညိုးငယ်လျက်

''ကိုလေ....အမြဲရှားကိုတွေ့တိုင်း ရင်ထဲတမျိုးကြီးဘဲ....ကိုသူ့ကိုမုန်းတယ်လို့မခံစားရဘူး.......မောင်သူ့ကိုနာကျင်အောင်ပြောမိတိုင်း....လုပ်မိတိုင်း...မောင့်မှာရင်ကျိုးမတတ်ဘဲခံစားရတယ်........တခုခုများမှားပြီးမှတ်ထားမိတာလားနန်း.....''

''ဘာကိုလဲကိုရဲ့....''

''မောင့်ရဲ့ diary ထဲမှာ ရှားကိုမုန်းကြောင်း ရှားကိုသဘောမကျကြောင်းတွေဘဲ မောင့်လက်ရေးနဲ့ကိုယ်တိုင်ရေးထားခဲ့တာ...ဒါမယ့်...မောင်ရှားကိုမုန်းတယ်လို့မခံစားရဘူး....''

ဘာလို့ဆိုမောင်က မောင့်ရဲ့ရှားကိုဆက်ချစ်နေသေးရင် သူခံစားရမှာစိုးလို့ မုန်းတဲ့အကြောင်းသီးသန့်ရေးပြီး မောင့်ဦးနှောက်ကိုမောင်ကိုယ်တိုင်ဆေးခဲ့တာလေ။ သတိရနေစဥ်ကတောင်နန်းကိုသတိပေးသွားသေး။ အဲ့ကိစ္စမောင်မေ့ရင်မောင့်ကိုပြန်မပြောဖို့။

မောင်ကလေးအရမ်းတစ်ကိုယ်ကောင်းဆန်တယ်။ သူ့အတွေးနဲ့သူ သူ့ကမ္ဘာထဲမှာသူ ရှားကိုရောနန်းကိုရောသူစိတ်ကြိုက်ခြယ်လှယ်လွန်းတယ်။

Sharr(Complete)Where stories live. Discover now