''ရှား.....ရှားထလာမယ်ဆိုရင်လေ...မောင်ကရှားကိုမုန့်တွေအများကြီးဝယ်ကျွေးမှာ....သိလား....ရှားကြိုက်တတ်တဲ့ချောကလတ်လဲမောင်ဝယ်ကျွေးမယ်......ရှားကြိုက်တဲ့နှင်းဆီနီတွေနဲ့တအိမ်လုံးကိုဖြည့်ပေးမှာဗျာ......''
ငြိမ်သက်စွာအိပ်နေတဲ့ရှားရဲ့လက်လေးကိုအဝတ်စိုနဲ့သန့်ရှင်းရေးလုပ်ပေးရင်းရှားကိုစကားတွေပြောနေမိသည်။
ရတုကရှားကိုလူနာစောင့်လုပ်ပေးချင်ပေမယ့်သူ့အလုပ်တွေကအရေးကြီးလို့ရယ် ကိစ္စတခုရှိတယ်ပြောပြီးအလောတကြီးထွက်သွားတာကြောင့် ရှားဘေးမှာမောင်ကရှိနေပေးခြင်း။ အကယ်၍သူသာအားတယ်ဆိုလည်းရှားဘေးမှာသူဘဲရှိနေချင်ပါသည်။
''ရှားသိလား....မောင်တို့ရဲ့မင်္ဂလာပုံလေးကိုလေ မောင်မှန်ဘောင်ပြန်ကွပ်ထားတယ်ဗျာ....ရှားနိုးလာလို့တွေ့ရင်ပျော်သွားမှာ......မောင့်ကိုလေ...ဒယ်ဒီကပြောဖူးတယ်....ရှားကိုယူလိုက်တဲ့....နောင်တမရစေရဘူးတဲ့....မောင်ဖြစ်ချင်တဲဘအတိုင်းဖြစ်လိမ့်မယ်တဲ့.....အဲ့တုန်းကဘာက်ုပြောတာလဲနားမလည်ဘူး....ခုတော့...ဒယ်ဒီက ရှားကိုမောင်ချစ်တာသိလို့ဖြစ်လိမ့်မယ်......''
စကားလည်းပြောရင်းရှားရဲ့ခြေတွေလက်တွေသန့်စင်ပြီးတော့ရှားမျက်နှာလေးကိုကြည့်ရင်း
''ရှား....မောင်တောင်းပန်ပါတယ်နော်....
မောင်သာရှားရဲ့နှလုံးသားကိုမြင်ခဲ့မိရင်
မောင်သာမောင့်ရဲ့နှလုံးသားကို
သတိထားမိခဲ့ရင်
မောင်လေ ရှားကို မောင့်ဆီကနေထွက်သွား ခွင့်ပေးခဲ့မှာ မဟုတ်ဘူး''သက်ပြင်းတချက်ချပြီး
''မောင်တကယ်တုံးအခဲ့တယ် မောင်မင်းကိုမချစ်ခဲ့ဖူးဘူးလို့ထင်မိတယ်...မောင်ကအရူးဘဲနော်.....ရှား...ရှားနိုးလာတဲ့အခါကျ ဟောဒီ့ကအရူးမောင့်ကိုအားရပါးရဆူပါနော်.....မောင်နာခံပါ့မယ်.....ရှားသာစိတ်ဆိုးပြီးထမလာဘဲမနေရဘူးနော်....''
''ကို....ထဦး.....ဆေးသွားသောက်ဦးလေ.....''
နောင်တတွေနဲ့ငိုကြွေးနေတာကြောင့်နန်းဘယ်တုန်းကအခန်းထဲရောက်လာလဲမသိလိုက်ပါ။
''ထ...ထ..ကို...နန်းသူ့ကိုစောင့်ပေးနေမယ်....ကိုအရင်အစာဝင်အောင်စားပြီးဆေးသောက်ဦး....''
YOU ARE READING
Sharr(Complete)