13

3.2K 130 4
                                    

''ရှား....သေချာပြီးလား....''

မောင်နဲ့သူ့ရဲ့အိမ်ရှေ့မှာရပ်နေတဲ့သူ့ကိုရတုကစိတ်ပူစွားနဲ့မေးရှာတယ်။

''သေချာပြီရတု....''

''ရှား...ငါလေ...ညက....''

ရတုပြောရခက်နေမှာစိုးတာကြောင့်

''ရတယ်....ဘာတွေဘဲ ဖြစ်နေပါစေ မင်းက ရှားရဲ့အမြဲတမ်းအတွက်သူငယ်ချင်းပါ....''

ရှားကသူ့ကိုဒီနေရာမှာတင်စည်းတားလိုက်မှန်းသူသိတော့ပြုံးမိသည်။ ရှားက တခါတလေကျတော့လည်း အချစ်ရေးမှာအဲ့လောက်မတုံးဘူးကို။

''ဒါဆို ကိုသွားပြီနော်ရှား....''

​ခေါင်းငြိမ့်ပြလိုက်တော့သူထွက်သွားသည်။ သူ့ကိုတဖြေးဖြေးစွန့်ခွာသွားသော ရတုရဲ့ကားကိုကြည့်ပြီးနောက် အိမ်ထဲဝင်ဖို့ဆုံးဖြတ်လိုက်သည်။ ကိုယ့်အိမ်ထဲကိုယ်ဝင်ဖို့ကိုဘဲ သူခိုးလိုမျိုးသူကြောက်နေရသေးသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

''​ဖြောင်း....''

အံ့သြမှင်သက်မှုနဲ့အတူ မောင်ရိုက်လိုက်လို့ပူထူသွားတဲ့ပါးတဖက်ကိုလက်နဲ့ကိုင်ထားရင်း

''ကို....တော်တော့လို့နန်းပြောနေတယ်.....''

''ငါ့ယောက်ျားငါဆုံးမတာမင်းဝင်မပါနဲ့.....''

မောင်ရယ် ငါ့ကိုရိုက်နှက်ဖို့မောင်ချစ်ရတဲ့မိန်းမကိုပါတွန်းထုတ်ပစ်သတဲ့လေ။

''ရှားပိုင်ဇေ.....ခဗျားဘာ့သာဘယ်ယောက်ျားနဲ့သွားအိပ်နေအိပ်နေ....ကျတော်မပြောဘူး....အခုခဗျားရဲ့လင်ငယ်က partyပွဲမှာကျတော့်ကိုထိုးတယ်လေ....နန်းအနေနဲ့ဘယ်လောက်ရှက်လိမ့်မလဲ.....ခဗျားတွေးကြည့်မိလား...''

နန်းဆိုတဲ့မိန်းကလေးကဟန်ဆောင်တာဘဲလားအတည်သနားလို့လားတော့မသိပေမယ့်မောင့်လက်ကိုဆွဲပြီး

''ကို.....နန်းဘာမှစိတ်ထဲမထားတာမို့တော်သင့်ပြီ.....''

''နန်း....ဖယ်.....ကိုစိတ်တိုရင်ဘာလုပ်မိမလဲသိတယ်နော်.....''

ထိုသို့ပြောတော့နန်းက ရှားဘက်ကိုအကြည့်တချက်ပို့ပြီးနောက်ဆုတ်သွားသည်။

Sharr(Complete)Where stories live. Discover now