16

3.3K 126 0
                                    

ထိုနေ့မှစပြီးမောင်ကအပြင်အရမ်းထွက်လာသည်။

''နန်း.....ကို့ကိုအပြင်လိုက်ပို့ပါဦး....နန်းအလုပ်နဲ့ ရှားရဲ့နေရာကနီးတယ်.....''

''ကောင်းပါပြီရှင်....''

မောင်ကသူလုပ်ချင်ရာလုပ်နေရင်ပျော်နေသော။ မောင့်ကိုကိုရှားပိုင်ရဲ့companyရှေ့မှာချပေးခဲ့လျှင်မောင်ကတနေကုန်အဲ့မှာနေတတ်သည်။ နန်းက သူ့ကိုဝင်ဝင်ကြိုရသည်။ မူကြိုကလေးလိုပင်။

''နန်း.....ဒီနေ့ရှားကလေ.....coffeeသောက်ချင်တာတဲ့ဗျာ....အဲ့တာ...မောင်ကရှားလိုချင်တာကိုဖြည့်စည်းပေးလိုက်ရတယ်....မောင်အရမ်းပျော်တာဘဲ.....''

နန်းနဲ့ရှိချိန်ကအစ သူ့နှလုံးသားနဲ့ဦးနှောက်ထဲမှာရှားတစ်ယောက်ဘဲရှိသည်။

''ဟုတ်ပါပြီရှားရဲ့မောင်ရယ်...​ဒီလောက်ဆိုနန်းလည်းနားရည်ဝနေပါပြီနော်....''

နန်းကမောင့်ရဲ့ဒယ်ဒီနဲ့ အလုပ်တွဲလုပ်နေသူမို့မောင့်အိမ်မှာဘဲနေဖြစ်တာများသည်။
ဒါကြောင့်မောင်တခုခုလွဲနေလျှင်နန်းအရင်သိသည်။

''ဟုတ်ပြီနန်း....ဒါဆိုမောင်.....ညစာသွားစားလိုက်ဦးမယ်နော်.....''

နန်းအံ့သြသွားသည်။ ခုလေးတင်ညစာစားပြီးလို့ပန်းကန်တောင်ဘေစင်ထဲထည့်ထားတုန်းရှိသေးသည်။

''ကို.....ကိုအခုလေးတင်ညစာစားပြီးတာလေ....''

အဲ့တော့မှမောင်ကပြုံးစိစိနှင့်။

''ဟုတ်လား....မေ့သွားတာ.....''

ပြောပြီးချက်ချင်းထသွားသောမောင်ရယ်ပါ။ မောင်ကသူ့ရဲ့ရှားအကြောင်းပြောပြီးသည်နှင့်သူ့အခန်းထဲသူဝင်သွားတတ်သည်။

ဒီလိုနဲ့တစ်လလောက်ကြာတော့မောင်နဲ့သူတို့ချစ်သူဖြစ်သည်။

မောင့်ရဲ့နေ့တိုင်းနားမခံနိုင်လောက်အောင် သူတို့ရဲ့ချစ်ဇာတ်လမ်းများပြောပြခြင်းကိုခံရသည်။ ချစ်ရသူကသူ့ရဲ့ချစ်ရသူအကြောင်းပြုံးရွှင်စွာပြောပြနေတဲ့အခါ ကိုယ်နာကျင်နေတာတောင်သူ့အပြုံးလေးနဲ့ကုစားပြီးသားဖြစ်သည်။ အနာလည်းပေးဆေးလည်းပေး။

Sharr(Complete)Where stories live. Discover now