8

2.6K 125 0
                                    

အဲ့နေ့ကိစ္စပြီးတော့ ရှားက သူ့ကိုစကားသိပ်မပြောတော့။ ရှောင်၍သာနေသည်။ သူတောင်းပန်ချင်လှသည်။ ရှားရှောင်မယ်ထင်ခဲ့သော်လည်း....သူ့ကြောင့်ရှားအနာတရ တရက်တည်းနဲ့နှစ်ကြိမ်တောင်ဖြစ်ခဲ့သည်။

ထွက်သွားမယ့်အစားဘာလို့ကြိတ်မှိတ်သည်းခံနေဖို့ထပ်ရွေးလဲနားမလည်နိုင်။

ရှားကိုကြည့်တိုင်း သူကိုယ်တိုင်လည်းအမျိုးအမည်ကွဲပြားသည့်ခံစားချက်များရင်ထဲ၌လှိုက်တက်ခဲ့သည်။

''မောင်.......''

''ဘာလဲ''

သူစကားပြောတဲ့အချိန်မှာ အသက်သိပ်မပါသလိုဖြစ်နေတာကိုသတိထားမိသည်။

''ရှား.....ထွက်သွားတော့မယ်....''

သူ့ရင်ထဲဒိုင်းခနဲဖြစ်သွားသည်။ သူလိုချင်ခဲ့တာဒါ။ သူကြားချင်ခဲ့တာဒါ။ ဘာကြောင့်မပျော်ရသလဲ။

''သွားပေါ့....''

တုန်ရီနေသောအသံကိုထိန်းပြောတာကြောင့်တုန်ရီနေတာကိုရှားအားမသိစေချင်။

''နှစ်ရက်လောက်ပါဘဲရှားပြန်လာမှာပါ.....''

''ခဗျားဘာ့သာဘယ်နှရက်သွားသွား....''

ရှားရဲ့စကားတွေကြောင့်သူကစိတ်အေးရပါသည်။ ရှားအပေါ်အဲ့လောက်မရက်စက်ချင်ပါ။ အခြေအနေအရ ရှားအလိုက်တသိထွက်သွားအောင်သာ။

သူသတိထားမိပါသည်။ သူလမ်းခွဲစကားပြောပြီးတဲ့အချိန်ကစ ရှားသိပ်မပြုံးတော့တာ။

''ဒါဆိုရှားသွားပြီနော်မောင်....ဂရုစိုက်....''

ပြောပြီးတာနဲ့ရှားက လှည့်ထွက်သွားသည်။ အိမ်အပြင်မထွက်ခင် လှည့်၍ဝအောင်ကြည့်ပြီးမှထွက်သွားတဲ့ရှား။ မောင်အဲ့လောက်မရက်စက်သင့်တော့ပါဘူးလေ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~
''ရှား....မနက်ဖြန်ဆိုpartyရှိတယ်....လိုက်ခဲ့ပေး..''

ရှားကမျက်မှောင်ကျုံ့စွာ

''အနားယူချင်လို့လာတာပါဆိုနေကွာ...ဘာလို့partyလိုက်တက်ရမှာလဲ''

''ရှားကလည်းကွာ.....ငါနဲ့တူတူလိုက်ပေးမယ့်လူမရှိလို့.....ရှားကိုမုန့်ဝယ်ကျွေးမယ်လေ....''

Sharr(Complete)Where stories live. Discover now