18

3.3K 107 0
                                    

သိနေလျက်နဲ့ထုတ်မပြောခြင်းသည်အမှားတစ်ခုဖြစ်မယ်ဆိုလျှင် နန်းဝေလွင်ဆိုသည့်မိန်းမ အမှားကြီးမှားခဲ့သည်။ သူသာ ပြောပြခဲ့ပါလျှင်။

''ကိုရှားပိုင်.....နန်းအခုပြောမယ်နော်....ကိုကလေ....ရှားကိုသိပ်ချစ်တာ......ဖြစ်ခဲ့သမျှတွေကလွဲမှားခြင်းကြောင့်ဖြစ်လာတာပါ....ဒါကြောင့်လေ...သတိရလာပါတော့နော်....ဒီထက်ကြာကြာလှဲနေလို့.....မောင်က....ရှားကိုသတိမရတော့ရင်ဘယ်လိုလုပ်မလဲ....သူသတိရနေတုန်းလေးထလာပေးပါနော်......''

ရှားကိုသူတောင်းပန်တိုးရှိုးမိသည်။ ရှားမကြားနိုင်သော်လည်းသူကြားစေချင်သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

မှောင်မဲနေတဲ့နေရာမှာဘာမှမမြင်ရပါဘဲလျှောက်သွားနေသောလူတစ်ဦး။

သူ့ရှေ့မှာ အဖိုးအိုတဦးထိုင်နေသည်ကိုမြင်သည့်အခါထိုအနားကိုသွားလျက်

''အဖိုးဗျ....ဒါ...ဘယ်နေရာလဲဗျ....''

အဖိုးအိုကသူကိုကြည့်ပြီး

''လူလေး......အချိန်မတန်သေးဘူး...ရက်ပိုင်းလောက်နေပြီးမှပြန်လာပါလား....''

''ဗျာ.....''

အဖိုးအိုပြောတဲ့စကားကိုသူနားမလည်။

''ကိုရှားပိုင်......သူသတိရနေတုန်းလေးထလာပေးပါနော်.....''

သူဖြတ်ကျော်လာသည့်အမှောင်ထုထဲက ကြားကသည်က မိန်းမတဦး၏အသံ။

''ကိုကလေ ရှားကိုသိပ်ချစ်တာ....''

မောင်ကသူ့ကိုချစ်သည်တဲ့လား။

''ရှား...ရှားနိုးလာတဲ့အခါကျ ဟောဒီ့ကအရူးမောင့်ကိုအားရပါးရဆူပါနော်.....မောင်နာခံပါ့မယ်.....ရှားသာစိတ်ဆိုးပြီးထမလာဘဲမနေရဘူးနော်....''

မောင်ကသူ့ကိုစကားပြောနေသည်။ အရင်တုန်းကလို ။ သူအဖိုးဘက်လှည့်ကြည့်တော့အဖိုးအိုကမရှိတော့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

''နန်း........''

ကိုကြီးရဲ့ခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့သူ့လက်ထဲပွေ့ချီခံလာရတဲ့မောင်။

''ကိုကြီး...သူဘာဖြစ်လာတာလဲ.....''

ကိုကြီးကသူ့ကိုခုံတန်းပေါ်တင်လိုက်ပြီး

Sharr(Complete)Where stories live. Discover now