2

2.8K 154 9
                                    

''မောင်....ပြန်လာပြီလား...ရှား...ညစာပြင်ပေးထားတယ်...မောင့်အတွက်''

''စားခဲ့ပြီးပြီ နန်းနဲ့တူတူ''

မောင်စကားပြောလိုက်တာနဲ့ နာကျင်နေတဲ့နှလုံးသားလေးကိုဆုံးမရဦးမယ်။ မောင်က နာကျင်မယ်မှန်းမသိလို့ပြောတာပါလို့လေ။

''ဟုတ်လား။ ရှားကမောင်နဲ့တူတူ ညစာစားဖို့စောင့်နေခဲ့တာ...''

''ကျစ်''

မောင်ကလှေကားပေါ်ကနေလှည့်ကြည့်ရင်း

*ဟင့်အင်းမောင်....ရှားကိုရွံရှာတဲ့အကြည့်နဲ့မကြည့်လိုက်ပါနဲ့...*

''ဒီမယ် ရှားပိုင်ဇေ.....ခဗျားကျတော့်ကိုအဲ့လိုအော်ဂလီဆန်စရာအသုံးအနှုန်းနဲ့မခေါ်နဲ့....ခဗျားအသံ​ကြားရတာရွံဖို့ကောင်းတယ်''

မောင့်ရဲ့နှုတ်ခမ်းဖူးဖူးလေးမှထွက်လာသမျှစကားတို့ဟာ ရှားရဲ့ရင်ကိုကြေမွသထက်ပိုကြေမွအောင်လုပ်နိုင်စွမ်းရှိလာခဲ့ကြတာဘဲကို။

မောင့်ရဲ့ဝိုင်းစက်နေတဲ့မျက်လုံးလေးထဲမှာလည်း ရွံရှာမှုအပြည့်။

''ရှားကို အဲ့တခုတော့ခွင့်ပြုပါ......မောင်လို့ခေါ်ပါရစေ....''

ကလေးငယ်တယောက်က သနားကမားရုပ်နှင့်သကြားလုံးတောင်းရင်ရနိုင်ချေရှိသည်။ သို့သော် မောင်ကတော့ရှားကို ဘယ်သောအခါမှပျော်စေမည်မဟုတ်။

''ရွံတယ်....ခဗျားခေါ်လို့ကိုရွံတယ်...''

ပြောပြီးပြီးချင်းလှေကားပေါ်ကိုတက်သွားခဲ့တဲ့မောင်။

မောင်မြင်ကွင်းကပျောက်သွားတာနဲ့ အရုပ်ကြိုးပျက်လဲကျကာ ငိုနေမိသည်။

သူ့အားရွံရှာနေပါသော ထိုလူသားလေးအား သူအသက်တမျှပင်ချစ်ပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

အခန်းတံခါးကိုအပြင်းပြင်းနဲ့ဆောင့်ပိတ်လိုက်ပြီး ဒေါသငွေ့တထောင်ထောင်းထွက်နေတဲ့ကောင်ငယ်လေးတယောက်။ အခန်းနံရံမှာချိတ်ထားတဲ့ သူတို့နှစ်ဦးရဲ့မင်္ဂလာဆောင်ဓာတ်ပုံအား ရိုက်မခွဲမိရန်အကြိမ်ကြိမ်သူသတိထားရသည်။

''ခဗျားဘာလို့အဲ့လောက်ခေါင်းမာရတာလဲဗျာ....''

သူအမှန်ပင် ရှားကိုစိတ်ကစားခဲ့မိသည်။ မိန်းမတွေနဲ့စိတ်ကြိုက်ရှုပ်ပွေ ကစားခဲ့သည့် မိုးထက်မြင့် သူဌေးသားလေးသည် ထိုရှားပိုင်ဇေဟူသော သူနှင့်တွေ့ပြီးခုလိုအခြေအနေတွေအထိရောက်လာခဲ့သည်။

Sharr(Complete)Where stories live. Discover now