သူ့အားချန်ရစ်ထားခဲ့ပါသောထိုကောင်လေးအားနောက်ဆုံးနှုတ်ဆက်ခြင်း။
''ရှား......ဒါက...နန်းဆီကနေ ကိုလုထားတဲ့....ရှားသိသင့်တဲ့အကြောင်းအရာအချို့.....ရှားကဖတ်လို့မှမရတော့ဘဲ.....ကိုဖတ်ပြရမလား.....တော်ကြာရှားကဝမ်းနည်းနေဦးမယ်....''
ရှားရဲ့အုတ်ဂူရှေ့မှာ ရှားကြိုက်နှစ်သက်တဲ့နှင်းဆီနီလေးထားပေးပြီးထိုစာအုပ်လေးကိုလည်းတင်ထားလျက်။
နှင်းဆီနီလေးက နေမင်းကြီးကိုမှချစ်ကျွမ်းဝင်ခဲ့မိတော့ လောင်ကျွမ်းခြင်းနဲ့အဆုံးသတ်ခဲ့ရလေသည်။
နောက်များတွင်တော့နေကြာပန်းလေးအဖြစ်မွေးဖွားလာနိုင်ဖို့ရင်ထဲမှဆုတောင်ပေးနေမိသည်။
''ရှား....စိတ်မပူနဲ့နော်....ရှားရဲ့မိဘတွေလညအဆင်ပြေတယ်သိလား......ရှားရဲ့စျာပနပွဲလည်းရောက်အောင်လာကြတယ်သိလား....ရှားကိုတလျှောက်လုံးလာမတွေ့ခဲ့တာလည်း....ရှားနဲ့ရှားချစ်ရသူရဲ့အချိန်ကိုမခိုးယူချင်တာမို့ပါရှားရယ်....ရှားမိဘတွေကို.....စိတ်မဆိုးနဲ့နော်.......နောက်ပြီးရှား....မိုးမြင့်မောင်ကိုလည်းစိတ်မပူနဲ့နော်....စိတ်ချလက်ချသာသွား....သူ့ကိုဆေးပုံမှန်သောက်အောင်..အစားပုံမှန်စားအောင်....အိပ်ချိန်မှန်အောင်......ဂရုစိုက်ပေးမယ့်လူတွေရှိတယ်....ကိုကိုယ်တိုင်nurseတွေငှားပေးထားတယ်......nurseဆိုလို့စိတ်မပူနဲ့နော်.....ရှားရဲ့မောင်ကိုယုံတယ်မဟုတ်လား....သူကရှားကလွဲပြီးတခြားလူစိတ်ထဲမရောက်ဘူးလေ....''
သူပြောလည်းပြောမျက်ရည်လည်းကျလာသည်။ ဒီကောင်လေးသူ့ဆီကနေထွက်သွားတာသူယုံဖို့ခက်နေသေးသည်။ ဟိုနေ့ကမှ သူတို့နှစ်ဦးရယ်မောနေသောအသံလေးကိုကြားလိုက်ရသေးသည်။ သူခေါင်းငိုက်စိုက်ချရင်းအသံတိတ်ငိုကြွေးနေမိသည်။
''ရှား....ကိုမင်းကိုချစ်တယ်......ဒါကြောင့်.....ရောက်တဲ့နေရာမှာ...ကို့အချစ်ကြောင့်အေးချမ်းပါစေ....ရှား.....''
သူနောက်ဆုံးစကားပြောပြီးထွက်လာခဲ့သည်။
ရှားထားရစ်ခဲ့သောသူသည် ဆက်ပြီးရှင်သန်ရပေဦးမည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နှစ်၃၀ကြာပြီးနောက်။
''ကဲ ကလေးတွေ...အငြိမ်နေမယ်....ဒီနေ့သွားတာကလေ့လာဖို့အတွက်ဘဲနော်....''
YOU ARE READING
Sharr(Complete)