14

3.3K 131 1
                                    

ခွဲစိတ်ခန်းထဲရောက်နေတာနေ့တဝက်ပင်ရှိနေပြီဖြစ်တဲ့ရှား။

ခွဲစိတ်ခန်းရှေ့မှာအသိစိတ်လွတ်စွာထိုင်နေတဲ့မောင်။

နန်းသိသည်။ မောင့်ကိုသူလုသွားနိုင်သည်။ ဘာလိုဆို မောင်ကလည်းချစ်ခဲ့သည်လေ။

မောင်ကိုယ်တိုင်သတိမထားမိခဲ့တာ။ နန်းရဲ့ဘေးမှာရှိနေပေမယ့် အမြဲ သူ့ရဲ့ရှားကိုဘဲတွေးပူနေတာမျိုး။

''ကို ဒီနေ့သူ့ကိုလုပ်မိလိုက်တာလွန်သွားတယ်.....နန်း...ရှားကို့ကိုခွင့်လွှတ်ပါ့မလား....''

''ကိုလွန်တယ်.....''

မင်္ဂလာဆောင်ဓာတ်ပုံနဲ့ပေါက်သည့်နေ့ကလည်းထိုကိစ္စကြောင့်သူထိုင်မရထမရဖြစ်နေခဲ့သည်။ သူထိုလူအားအတော်ပင်ဂရုစိုက်ပါသည်။ ဒါကိုနန်းသိသည်။မောင်ကတော့မသိ။

နန်းမောင့်ကိုပြောမှရမည်။ နန်းအတွက်နဲ့ မောင့်ကိုဒီ့ထက်လမ်းမှားမရောက်စေချင်ပါ။ နန်းထွက်သွားပေးလို့ရမည်ဆို သူထွက်သွားပေးမည်။ သူရှားပိုင်ကိုမုန်းပါသည်။ ဒါပေမယ့်သူလည်းဒီလိုတွေမြင်ရပြီးထပ်အသည်းမမာနိုင်ပါ။

''ကို.....''

သူ့ကိုကြည့်လာရင်မျက်ရည်တွေဝဲလာတဲ့မောင့်ကိုပွေ့ဖက်အားပေးရသည်။

''သူ....သူ...ကို့ကိုထားသွားရင်ဘယ်လိုလုပ်မလဲ......သူမရှိဘဲ....မနေနိုင်ဘူး.....''

ကိုရှားပိုင်သူ့သူငယ်ချင်းဆီထွက်သွားတဲ့နှစ်ရက်ကလည်းမောင်က ထိုနှစ်ယောက်နောက်လိုက်ကြည့်နေခဲ့သည်။ အလုပ်မအားလပ်သည်နန်းကဘေးကနေလိုက်ခဲ့ပေးရသည်။ မောင်ကနေမှမကောင်းဘဲ။

မောင်သူတို့နှစ်ယောက်ပျော်နေတာကိုကြည့်ပြီး ဖြစ်ပေါ်လာတဲ့မောင့်ရဲ့စစ်မှန်တဲ့အပြုံးတွေကိုမြင်တိုင်းမေးကြည့်ချင်မိသည်။

အဲ့လောက်ချစ်ရက်နဲ့ဘာလို့ကိုယ်တိုင်မမြင်နိုင်ဖြစ်နေရတာလဲလို့။

''သူ့ကိုအဲ့လိုမဖြစ်စေချင်ခဲ့ဘူး....ကိုက....သူ...သူထွက်မသွားအောင်......ခြောက်လှန့်ရုံဘဲခြောက်လှန့်ချင်ခဲ့တာ.......သူတကယ်ကို့ဘဝထဲကထွက်သွားရင်ဘယ်လိုလုပ်မလဲ....''

Sharr(Complete)Where stories live. Discover now