Unicode
Episode _ 30ကျွန်တော့်အနားကိုဒေါကြီးမောကြီးနဲ့ရောက်လာတဲ့တေလွန်း။ ကျွန်တော့်ကို တစ်ခါမှလက်မပါဘူးပေမဲ့ အခုလို သူ့ပြောစကားကိုနားမထောင်ဘဲ သူ မသိအောင်လယ်ထဲကိုသွားတဲ့အပြင် ဖျားနေတဲ့တေလွန်းက သူ့ကိုနေပူကျဲတဲကြီးထဲမှာတစ်ရွာလုံးအနှံ့လိုက်ရှာရတော့ သူ့ကို တေလွန်းဘယ်လောက်ထိဒေါသထွက်နေမလဲဆိုတာ သူစဥ်းတောင်မစဥ်းစားရဲတော့။
" မင်း.. ပြော၊ မင်း ဘာလို့ မောင့်စကားကိုနားမထောင်ရတာလဲဟင်.. ရွတ်! ဟင့်၊ မင်း မောင့်ကိုအရေးမပါဘူးလို့တွေးနေတာလား... "
တေလွန်းက ကျွန်တော်ထင်သလို ကျွန်တော့်ကိုရိုက်ဖို့လာတာမဟုတ်ဘဲ ကျွန်တော့်ဘေးမှာငုတ်တုတ်ထိုင်ချပြီး ဝမ်းနည်းတကြီးငိုရှိုက်ခြင်းသာဖြစ်သည်။
" မင်း.. မောင့်ကိုဘာလို့အဲ့လိုလုပ်ရက်ရတာလဲ၊ ရွတ်!... မောင့်မှာ မင်းကိုမတွေ့လို့ဘယ်လောက်ထိစိတ်ပူရလဲဆိုတာ မင်းသိရဲ့လား... ဟင့်၊ မောင် နေမကောင်းတဲ့အချိန် မင်းကို မောင့်ဘေးနားမှာပဲရှိနေစေချင်တာ.. မောင့်ကို မင်း ဘာလို့နားလည်မပေးရတာလဲ.... ရွတ်!... ဟင့် "
တေလွန်းက တစ်ကယ်ကိုဝမ်းနည်းတကြီးနဲ့မျက်ရည်တွေဘူးသီးလုံးလောက်ကျသည်အထိ ငိုနေသည်။ ကျွန်တော်လည်း တေလွန်းငိုတာကို တစ်ခါမှမမြင်ဖူးတာမို့ အစက ကြောင်ငေးကြည့်နေပေမဲ့ တေလွန်းငိုသည်က ရှိုက်သံတွေပါ ပါလာတာမို့ ဆက်ပြီးကြည့်နေလို့မရတော့။
" မဟုတ်ပါဘူး.. ငါက မင်းပုစွန်လုံးချက်စားချင်တယ်ဆိုလို့ သွားရှာပေးတာပါ...၊ မင်းကလည်း အိပ်ပျော်နေတော့ မနှိုးမိတော့တာပါ "
" အခြားသူကို သွားရှာခိုင်းလိုက်ပါလား....၊ မောင်က မင်းမရှိမှန်းသိတော့ ဆက်အိပ်လို့မရတော့ဘူး မင်း သိရဲ့လား...ရွတ်! မောင်က မင်းအနားမှာမရှိတာ ကောင်းကောင်းအိပ်မပျော်ဘူးကွ.. ဟင့် "
" ငါ တောင်းပန်ပါတယ်ကွာ.. နော်၊ နောက်တစ်ခါကျရင် အခုလို ငါမလုပ်တော့ပါဘူး ငါကတိပေးတယ်နော်.. "
" မောင့်ကို ပြပါအုန်း....ဟင့် မောင့်ဆင်ပေါက်လက်ကလေး နာသွားပြီလား၊ မောင် တောင်းပန်ပါတယ်နော်... ရွတ်! အစောနက မောင် အရမ်း ဒေါသထွက်သွားလို့ပါ... ခြေထောက်တွေရော ခိုက်မိသွားသေးလား..၊ မောင် မှားတာပါ.. မောင် ဒေါသကိုရှေ့တန်းတင်ပြီး မင်းအပေါ် ဇွတ်တရွတ်တွေလုပ်မိတာ.. မောင့်ကို မုန်းလားဟင်၊ ဟင့်.. ရွတ်! မောင်က မင်းကိုစိတ်ပူလို့အခုလိုတွေဆိုးနေတာပါ... မင်း မောင့်ကိုအမြဲတမ်းကြောက်နေရတယ်မဟုတ်လား.. ဟင် "

YOU ARE READING
စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ့ ဆင္ေပါက္
Casuale#CRD_PHOTO unicode ကျွန်တော့်ရဲ့ တမူမတူညီတဲ့စာရေးပုံနဲ့ မတူညီတဲ့ဇာတ်အိမ်လေးမို့ ဖတ်ကြည့်ပေးစေချင်တယ်ဗျ zawgyi ကျွန်တော့်ရဲ့ တမူမတူညီတဲ့စာရေးပုံနဲ့ မတူညီတဲ့ဇာတ်အိမ်လေးမို့ ဖတ်ကြည့်ပေးစေချင်တယ်ဗျ