Unicode
Episode _ 12" တေလွန်း.. မင်း ဟိုဘက်နည်းနည်းတိုးပါအုံး... "
ကျွန်တော် ဘေးကိုအတင်းကပ်ပြီးလိုက်အိပ်နေတဲ့တေလွန်း။ ကျွန်တော့်ကို လာတောင်းပန်တဲ့သူက ကိုယ့်အိမ်ကိုပြန်မအိပ်ဘဲ ကျွန်တော်နဲ့ဟန်သာ နှစ်ယောက်ကြားထဲကိုအတင်းတိုးဝှေ့ပြီး ဝင်အိပ်နေတယ်လေ။ ကုတင်က လူနှစ်ယောက်အိပ်လောက်သာကျယ်တာမို့ လူသုံးယောက်အိပ်တဲ့အခါ တကယ်ကိုကျဥ်းကျပ်သည်။
" မင်းကလည်း... "
" ငါ ပြုတ်ကျတော့မယ်လေ... "
ကျွန်တော်လည်း ဘေးကအိပ်နေတဲ့ဟန်သာ့ကို ခေါင်းထောင်ပြီးကြည့်လိုက်တယ်။ ကျွန်တော်တို့ကြောင့် အိပ်မရမှာစို့လို့လေ။ ဒါပေမဲ့ သကောင့်ကားက အိပ်နေတာ သရေတွေများတောင်ကျလို့...၊ တော်သေးတယ်.. အိပ်နေရင်း မဟောက်တက်လို့၊ ရောက်ခါစနေ့ကတော့ အိပ်ယာအပြောင်းအလဲမို့မအိပ်တက်ဘူး..ဘာလေးညာလေးနဲ့၊ ခုကျ အိပ်နေလိုက်တာများ သိုးလို့။
" ဆင်ပေါက်... "
" အင်း.. ဘာလဲ "
" ငါ ချမ်းတယ်.. "
" ဟင်.. ချမ်းတယ်? "
တေလွန်းစကားကြောင့် ကျွန်တော် အိပ်နေရာကနေ ထပြီး တေလွန်းရဲ့နဖူးကိုစမ်းကြည့်လိုက်သည်။
" ကိုယ်တော့ မပူပါဘူး...၊ အစောနက လေတိုက်ထဲနေလိုက်လို့ထင်တယ်...၊ ဆေးသောက်မလား... "
" ဟင့်အင်း... ငါ့ကို ဖက်ထားပေးပါလား "
ကျွန်တော့်ကို မျက်နှာငယ်လေးနဲ့သနားချင့်ဖွယ်ပြောနေတဲ့တေလွန်းက တကယ်ကိုသနားစရာကောင်းသည်။
" အင်း.. ငါ ဖက်ထားပေးမယ်၊ ဒီဘက်.. တိုး "
ကျုပ်စကားကို တကယ်ထင်ပြီး အစောနကထိ သူ့နားကပ်တာကိုငြင်းဆန်နေတဲ့ဆင်ပေါက်က ကုတင်ပေါ်ပြန်လှဲအိပ်လိုက်ရင်း သူ့အနားကိုကပ်ဖို့ခေါ်သည်။ ကျုပ်လိုချင်နေတဲ့အတိုင်းမို့ ကျုပ်လည်း ဆင်ပေါက်ရဲ့မျက်နှာကိုနီးနီးကပ်ကပ်မြင်ရတဲ့အထိ တိုးကပ်သွားသည်။ ပြတင်းပေါက်ကနေဖြာကျနေတဲ့လရောင်အောက်မှာ ဆင်ပေါက်ရဲ့မျက်နှာလေးက အနည်းငယ်နီရဲနေတယ်လို့ ကျုပ်ထင်တယ်။

YOU ARE READING
စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ့ ဆင္ေပါက္
Aléatoire#CRD_PHOTO unicode ကျွန်တော့်ရဲ့ တမူမတူညီတဲ့စာရေးပုံနဲ့ မတူညီတဲ့ဇာတ်အိမ်လေးမို့ ဖတ်ကြည့်ပေးစေချင်တယ်ဗျ zawgyi ကျွန်တော့်ရဲ့ တမူမတူညီတဲ့စာရေးပုံနဲ့ မတူညီတဲ့ဇာတ်အိမ်လေးမို့ ဖတ်ကြည့်ပေးစေချင်တယ်ဗျ