Unicode
Episode _ 8" ရှင်မွှေး... ငါတို့မနက်ဖြန်ကျောင်းပိတ်ရက်မှာ ဟိုတခါက ငါတို့စားခဲ့တဲ့ရှမ်းဆိုင်ကို သွားရအောင် "
" ဘာလဲ... မင်းရဲ့မမကို သွားကြောင်မလို့လား.... "
" ဟာ မင်းကလည်း...၊ မဟုတ်ပါဘူးကွာ ငါက ရှမ်းခေါက်ဆွဲစားချင်နေလို့ပါကွ "
" ရှမ်းခေါက်ဆွဲစားချင်တာများ.. ကျောင်းကန်တင်းမှာလည်း ရှိတယ်လေ "
" မင်းကလည်း...၊ ရှမ်းခေါက်ဆွဲချင်းတူပေမဲ့ အရသာချင်းမတူဘူးကွ "
" ဘာလဲ မင်းမမကို မျှော်ပြီးစားရတဲ့ရှမ်းခေါက်ဆွဲက ပိုအရသာရှိတာလား "
ကျွန်တော်လည်း ရှေ့မှာစာသင်နေတဲ့ဆရာမကိုမှအားမနာ ကျွန်တော့်ဘေးမှာတွတ်ထိုးနေတဲ့ဟန်သာကို ရွဲ့ပြီးပြောလိုက်သည်။ ဒီကောင်ဟန်သာက ရှမ်းခေါက်ဆွဲစားချင်တာကနည်းနည်း၊ ရှမ်းခေါက်ဆွဲဆိုင်ရဲ့ဘေးက တက္ကသိုလ်ကျောင်းသူတွေနေတဲ့အဆောင်မှာ တစ်ခါလေးမြင်ဖူးတဲ့အမကြီးတစ်ယောက်ကို ဖွန်ကြောင်ချင်တာက များများရယ်။
" မင်း လိုက်မှာဟုတ်တယ်မလား...၊ ဟမ် လိုက်ခဲ့မှာမလား... "
" ဟန်သာ မင်း ငြိမ်ငြိမ်နေစမ်းပါ...၊ ရှေ့မှာ ဆရာမ စာသင်နေတယ်လေကွာ....၊ ပါးစပ်ပိတ်ထားစမ်းပါ "
" မရဘူးကွာ..၊ မင်း လိုက်မယ်ဆိုမှ ပါးစပ်ပိတ်မှာကွာ... "
" ဟိုနားကနှစ်ယောက် ဘာတွေပြောနေကြတာလဲ...၊ ဒီမှာ ဆရာမဖြစ်တဲ့ငါက စာရှင်းပြနေတယ်လေ၊ နားမထောင်ချင်ရင် အခန်းအပြင်ထွက်ကြ "
စာပြနေတဲ့ဆရာမက ကျွန်တော်တို့နှစ်ယောက်ကိုမြင်သွားတော့ လှမ်းဆူသည်။ ထိုအခါမှ ဟန်သာလည်း ပါးစပ်ပိတ်သွားသည်။ ဒါပေမဲ့ ဆရာမမသိအောင် အဲ့ကောင်က ကျွန်တော့်ခါးကိုလက်ညှိုးနဲ့ ခဏခဏထိုးပြီး မေးငေါ့နေတာကြောင့် အဲ့ကောင် ငြိမ်ငြိမ်နေရင်ပြီးရောပဲဆိုပြီးခေါင်းငြိမ့်လိုက်သည်။
နောက်တစ်နေ့မနက် ဟန်သာနဲ့အတူတူအပြင်သွားဖို့အတွက် ကျွန်တော်ပြင်ဆင်နေတုန်း တေလွန်းရောက်လာသည်။ ဟိုတစ်ခေါက် အလည်လာပြီးကတည်းက တေလွန်း ကျွန်တော့်ဆီကို ခဏခဏရောက်လာသည်။ အရင်ကထက် ပိုပြီးကြည့်ကောင်းလာတဲ့တေလွန်းက သူတို့ကျောင်းမှာ တော်တော်ရေပန်းစားသည်ဟုဆိုသည်။ တေလွန်းနဲ့အတူတူ တခါတလေ နိုင်ထွန်းလည်း ပါလာတတ်သည်။ ဆယ်တန်းအတူတူတက်ခဲ့တဲ့သူငယ်ချင်းတွေထဲမှာ နိုင်ထွန်း၊ တေလွန်းနဲ့ကျွန်တော်ပဲ နှစ်ချင်းပေါက်အောင်ခဲ့ပြီး ဇော်ဝင်းကတော့ ကျကျန်နေခဲ့သည်။ နိုင်ထွန်းက တေလွန်းနဲ့အတူတူ စိုက်ပျိုးရေးတက္ကသိုလ်ကိုရွေးခဲ့သည်။
YOU ARE READING
စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ့ ဆင္ေပါက္
Randomunicode ကျွန်တော့်ရဲ့ တမူမတူညီတဲ့စာရေးပုံနဲ့ မတူညီတဲ့ဇာတ်အိမ်လေးမို့ ဖတ်ကြည့်ပေးစေချင်တယ်ဗျ zawgyi ကျွန်တော့်ရဲ့ တမူမတူညီတဲ့စာရေးပုံနဲ့ မတူညီတဲ့ဇာတ်အိမ်လေးမို့ ဖတ်ကြည့်ပေးစေချင်တယ်ဗျ