Episode _ 22

1.5K 50 3
                                    

Unicode
Episode _ 22

* ​ဖြောင်း....!!! *

" အား.....အမေ့!! နာလိုက်တာ အဘရယ် "

" တိတ်စမ်း...၊ အသံမထွက်နဲ့ "

" အဟင့်... အမေ အမေ့သားကို ဒီတိုင်းလွတ်ထားတော့မှာလားလို့....၊ အမေ့သားကို မကယ်တော့ဘူးလားလို့... အဟင့် "

" ဟာ.. ဒီကောင်!! "

" တော်.. တော်ပါတော့ ဖေသောင်း၊ တေလွန်းကို ထပ်မရိုက်ပါနဲ့တော့နော်... "

ကျွန်တော်လည်း ဘေးကနေရပ်ကြည့်မနေနိုင်တော့တာကြောင့် ဖေသောင်းကိုအရဲစွန့်ပြီးဝင်တားလိုက်တယ်။ တေလွန်းက အိမ်တိုင်ကိုဖက်ထားပြီး ပုဆိုးကိုဒူးခေါင်းအထက်ထိခပ်တိုတိုဝတ်ထားတာကြောင့် ​ဖြူဖွေးနေတဲ့ခြေသလုံးမှာ ညိုမဲစွဲပြီးယောင်နေတဲ့ကြိမ်လုံးရာပလပွကို မြင်နေရသည်။ ကျွန်တော်လည်း ဒီလောက်ထိ ဖေသောင်း လုပ်လိမ့်မယ်လို့မထင်တာကြောင့် မနေ့ညက တေလွန်းမူးလာတဲ့အကြောင်းကိုတိုင်ပြောမိတာ။ ဖေသောင်းက ချက်ချင်းတေလွန်းကိုခေါ်ပြီး အိမ်တိုင်ဖက်ခိုင်းကာ ရေစိမ်ထားတဲ့ကြိမ်နဲ့တန်းဆော်သည်။

" ဟေ့ကောင်... မင်း နောက်တခါ အဲ့လောက် လူမှန်းသူမှန်းမသိအောင် သောက်အုံးမလား... ဟမ်! "

" အဟင့်.. မသောက်တော့ပါဘူး အဘရယ် "

တေလွန်းက ရှိုက်သံလေးနဲ့ပြောတော့ အမှန်တကယ်ဝမ်းနည်းရသူမှာ ကျွန်တော်သာ။ ပြီးတော့ တေလွန်းရဲ့ခြေသလုံးက ယောင်ယမ်းနေတဲ့ကြိမ်ရာတွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်မိသည်။

" အေး...၊ မင်း လာ... ငါနဲ့လိုက်ခဲ့အုန်း "

" အဘက ထပ်ရိုက်အုန်းမလို့လား.... "

" ကျစ်! မရှည်နဲ့ မင်းကို ဆူစရာကိစ္စရှိသေးတယ်...၊ သားငယ်က ဒီမှာပဲ နေခဲ့အုံးနော် "

" ဟုတ်.. ဟုတ် ဖေသောင်း "

ကျုပ်လည်း အဘခေါ်တဲ့နောက်ကို ​ထော့နဲ့ထော့နဲ့လေးနဲ့လိုက်သွားရတယ်။ အဘက တော်တော်ဒေါသထွက်နေတာဗျ။ ဒါပေမဲ့ အဘဒေါသထွက်နေတာထက် ကျုပ်ရဲ့ဆင်ပေါက်မျက်နှာလေးက ပြိုတော့မဲ့မိုးလိုမဲ့ကျနေတာက ပိုအရေးကြီးတယ်ဗျ။ ကျုပ်ကလည်း ကျုပ်ပဲ။ အတန်တန်သတိထားတဲ့ကြားကနေ အရက်မူးမိရတယ်လို့။ မနေ့ညကအကြောင်းတွေကို ဘာမှမမှတ်မိပေမဲ့ ကျုပ်ရဲ့ဆင်ပေါက်လေးက အဘကိုပြောပြရလောက်တဲ့အထိဆိုတော့ ကျုပ်တော်တော်ဆိုးခဲ့လို့နေမယ်။ အခုလည်း ကျုပ်ကိုကြည့်ပြီး သူ့ကိုယ်သူအပြစ်တင်ကာငိုချတော့မလိုဖြစ်နေတဲ့ကျုပ်ရဲ့ဆင်ပေါက်လေးကြောင့် ကျုပ်မှာ အဘနောက်ကိုလိုက်သွားရပေမဲ့ စိတ်က မဖြောင့်ဘူးဗျ။

စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ့ ဆင်ပေါက် Where stories live. Discover now