Part 2

4K 441 74
                                    

ညဉ့်နှက်အထိ ထိုင်နေကြတာ စကားပြောနေကြတာဖြစ်သည်။ ကျွန်တော်တစ်ယောက်တည်း နိုင်ငံခြားလူမျိုးတစ်ယောက်ဖြစ်ပြီး Muslim ကြားထဲမှာ။

အဲ့ထက် သိပ်ဖော်ရွေကြတာက ထူးဆန်းလိုက်တာ။ သူတို့မှာ ရှိသမျှ စားစရာတွေကို ဗိုက်တင်းကားနေအောင် ဧည့်ခံလေ့ရှိပြီး အားလုံးဝေငှစားကြတာက မိသားစုတွေအလားပင်။

“ကျွန်တော်နားချင်ပြီ...”

သူ့ကို ခပ်တိုးတိုးပြောလိုက်တော့ ကျွန်တော့်ကို ကြည့်လာသည်။ ပါးစပ်ထဲမှာ အစောနက သူ့ကျွေးသည့် စွံပလွံသီးရဲ့ အစေ့ကို ဘယ်နားထွေးထုတ်ရမလဲမသိလို့ ငုံထားတာဖြစ်သည်ကို သူရိပ်မိသွားတယ်ထင်သည်။

ထို့နောက် ကျွန်တော့်နှုတ်ခမ်းဝရှေ့ကို သူ့ရဲ့ လက်ဖဝါးခံလာတော့ ကြောင်အမှုနဲ့အတူ ကျွန်တော်ဟာ ကြည့်လိုက်မိသည်။

“ကုန်နေပြီကို မင်းတစ်ညလုံးငုံထားမလို့လား...ထပ်စားချင်လို့လား...”

“အရမ်းချိုတော့ အများကြီးမစားနိုင်ဘူး...ဒါပေမဲ့ ကျွန်တော်ကြိုက်သလိုတော့ရှိတယ်”

ငုံထားတဲ့ အစေ့နှစ်လုံးကို သူ့ရဲ့လက်ဖဝါးထဲသို့ ထွေးချလိုက်ပြီး သူက သေချာကြည့်ကာ အင်္ကျီအိတ်ကပ်ထဲသို့ ထည့်လိုက်သည်။

“ပစ်လိုက်လေ...ခင်ဗျား...ဘာလို့ အိတ်ကပ်ထဲထည့်တာလဲ”

“ဒီအစေ့က သေးပင်မဲ့ ဆေးဖက်ဝင်တယ်...မျက်စိနာရင် သွေးလိမ်းလို့ရတာမို့ဘဲ...သူ့မှာလည်း တန်ဖိုးရှိတာမို့ ကိုယ်က မလိုအပ်နေရင်တောင် သိမ်းထားလိုက်တယ်...”

သူက ထပြီး ကျွန်တော့်လက်ကိုကိုင်ကာ ဆွဲထူသည်။ ထို့နောက် ရှိနေသည့်လူတွေကို သူနှုတ်ဆက်သည်။

“မင်းကောင်းကောင်းနားဖို့လိုတယ်...”

“ကျွန်တော်ပြန်ချင်တယ်...ပြန်ပို့ပေးမှာလား”

“အင်း...ကိုယ်လိုချင်တာရရင်...”

“အခုပြောနေတာ...”

“ကန္တာရမှာ ရှင်သန်လိုက်အုံး...အခုက”

တဲထဲ ပြန်ရောက်တော့ ကျွန်တော်က ရှိနေသည့် ကုတင်အစွန်းအဖျားတွင် ဝင်ထိုင်လိုက်ပြီး ငြိမ်းစပြုတော့မည့် မီးတွေကို ထပ်ညှိနေသည့် သူ့ကိုကျွန်တော်ဟာ လိုက်ကြည့်မိသည်။

The Criminal & Habibi (Rewrite Version) Where stories live. Discover now