Unicode
ဒီတစ်ခေါက်တော့ ထူးခြားစွာနဲ့ မြို့ထဲကို ခေါ်လာတာတော့တာ။ အရင်နေရာကို ဒယ်ဒီတို့သိသွားလို့ ကျွန်တော့်ကို မထားတော့တာ သူက။
ဒူဘိုင်းက တိုက်တွေက မြေကြီးမမြင်ရသည်အထိ တိမ်တွေကြားထဲ မျောနေသည်ဆိုတာ အမှန်။
ပင်လယ်နဲ့ သဲကန္တာရကြားထဲက လူလုပ်ကျွန်းတစ်ခုဖြစ်သည်။ လူတစ်ယောက်ကနေ ဖန်တီးရင်းက ဒီလိုနိုင်ငံကြီးတစ်ခုဖြစ်လာသည်ဆိုတာ သိပ်ကိုအံ့ဩစရာကောင်းနေပြီ။ အဲ့တာမို့ကြောင့်လည်း အရမ်းချမ်းသတာဖြစ်မည်။
"ဘယ်နှစ်ထပ်အထိသွားမှာလဲ...ကျွန်တော်ဓာတ်လှေကားစီးရတာမကြိုက်ဘူး..."
"အပေါ်ဆုံးအထပ်လား..တိမ်တွေဖုံးနေတော့ အပေါ်ဆုံးကိုတောင်မမြင်ရဘူး..."
"Ahmad Jeon..."
"ဟုတ်ပါပြီ...ဟုတ်ပါပြီ...ကိုယ်ရှိတယ်မလား"
ဓာတ်လှေကားထဲရောက်တော့ အသက်ရှူကြပ်သလိုလို ခေါင်းမူးသလိုလိုနဲ့။တကယ်ဆို လှေကားကိုတက်ရတာပိုကြိုက်တာ...ဓာတ်လှေကားက ကျွန်တော့်အတွက် ခံစားလို့မကောင်းဘူး။
မသိမသာ တုန်နေသည့်လက်ကို သူဆုပ်ကိုင်လာသည်။
"ဘာမှမဖြစ်ဘူး...အဆင်ပြေသွားမှာ...ကိုယ့်ကို ယုံတယ်မလား..."
ခနအတွင်းရောက်သွားတာဆိုပင်မဲ့ ကျွန်တော့်အတွက်တော့ အဲ့လိုမဟုတ်ပေ။ သူ့လက်ကို ဆုပ်ကိုင်ထားမိတာကလည်း တင်းကျပ်စွာနဲ့။
တံခါးကို ဖွင့်ပေးလာသည့်အစောင့်တစ်ချို့။ သူက ခပ်တည်တည်ဖြင့် ဝင်သွားပြီး ပက္ကရီကိုချွတ်လိုက်သည်။
"ဒါခင်ဗျားအပိုင်လား..."
"အင်း...တစ်ခုပေါ့...ဒီမှာနေရတာ ပိုကြိုက်လို့..."
"မကြောက်ဘူးလား...အမြင့်ဆုံးမှာ..."
"မင်းယောကျာ်း Ahmad Jeon က အမြင့်မှာဘဲ နေတာလေ..."
ESTÁS LEYENDO
The Criminal & Habibi (Rewrite Version)
FanficFiction နဲ့ပတ်သတ်တာ သဘောမကျခဲ့သည်ရှိသော် စာရေးသူကို တိုက်ရိုက်လာပြောပေးပါ Jeon Jungkook♡KimTaehyung Sundi Minie