Unicode
သဲမှုန်တွေကြား ဝေ့သီးနေရင်း...
ကျွန်တော့်ရဲ့ ရယ်မောသံ။ သဲပြင်ပူပူထက်မှာ ခြေဗလာဖြင့် ကျွန်တော်ဟာ ပြေးလွှားနေမိရင်း ပျော်ရွှင်နေသလိုမျိုး။
"Taehyung"
ခေါ်သံကြောင့် ကျွန်တော်ဟာ ရပ်တန့်မိလျက်။ ရင်ခုန်သံပြင်းပြင်းကြောင့် မောဟိုက်ခြင်းနဲ့အတူ ရင်ဘတ်လေးဟာ နိမ့်ချည်မြင့်ချည်။
လက်ဖဝါးလေးကနေတစ်ဆင့် ပွတ်သပ်ခြင်းကို ခံလိုက်ရပြီး ပုခုံးထက်ကို ရောက်လာသည့် အနမ်းစိုစို။
မျက်ဝန်းကို မှိတ်မိလျက်။
"Taehyung..."
"အင်းး..."
"ကိုယ့်ကို ကြည့်စမ်းပါအုံး...Habibi လေးရာ.."
"ခင်ဗျား..."
"မဟုတ်ဘူး...Ahmad Jeon လို့ခေါ်..."
ပုခုံးကနေ နူးညံ့စွာဖြင့် ကျွန်တော့်ကို ဆွဲလှည့်လိုက်သည်။ မျက်လွှာလေးကို ချထားရင်းက ကျွန်တော်သည် မော့ကြည့်လိုက်တော့ သွေးတွေ။
သူ့ကိုယ်ပေါ်ရော ကျွန်တော့်ကိုယ်မှာပါ သွေးတွေ ရစ်ပတ်နေတာ။
"ခင်ဗျား...ဟင့်အင်း..."
သူ့မျက်နှာကို လှမ်းကိုင်တော့ ထိတွေ့၍မရ။အစောနတင် ကျွန်တော့်စိတ်ကလေး ကြည်နူးနေတာ။
"ခင်ဗျားဘာမှဖြစ်လို့မရဘူးလေ..."
သူ့မျက်နှာကို မမြင်ရပင်မဲ့ ကျွန်တော့်မှာ စိုးရိမ်စိတ်တွေမြင့်တက်နေကာ ရူးချင်စိတ်တွေနဲ့။
ဖက်လို့လည်းမရ။ ထိတွေ့လို့လည်းမရနှင့် ကျွန်တော်နဲ့ သူ့ကြားက ဝေးကွာမှုတွေ။
"ကျွန်တော်ဘယ်လိုလုပ်ရမလဲ...ဟင့်...လုပ်ပါအုံး...သွေးတွေနဲ့လေ...တစ်ခုခုပြောပါအုံး။"
"ကိုယ်နဲ့ဝေးဝေးနေ Taehyung...ကိုယ့်ကို အခက်တွေ့အောင်မလုပ်စမ်းပါနဲ့..."
"မဟုတ်..."
"ကိုယ်မင်းကို မချစ်တာမို့ ကိုယ်နဲ့ ဝေးဝေးနေစမ်းပါ..."
သူက ထွက်သွားသည်။ ကျွန်တော့်ကို ကျောခိုင်းသွားသည်။ ဒါပေမဲ့ သူ့ကိုယ်မှာ ဒဏ်ရာတွေနဲ့။ သွေးစလေးတွေနဲ့အတူ သူ့ကိုယ်က နွမ်းဖတ်နေပြီး အားလည်းမရှိဘူး။ ကျွန်တော့်ကို စကားပြောတာတောင် မနည်းအားတင်းပြောနေခဲ့တာ။
ESTÁS LEYENDO
The Criminal & Habibi (Rewrite Version)
FanficFiction နဲ့ပတ်သတ်တာ သဘောမကျခဲ့သည်ရှိသော် စာရေးသူကို တိုက်ရိုက်လာပြောပေးပါ Jeon Jungkook♡KimTaehyung Sundi Minie