Unicode
အမှောင်ထု၌ လမ်းပျောက်နေတဲ့ လူတစ်ယောက်လို။ နာကျင်ခြင်းတွေကလည်း သွေးစက်တစ်စက်ချင်းစီတိုင်းမှာ ရောယှက်နေတယ်။
ပြီးတော့ အသက်ရှူကြပ်နေတာက ရှင်သန်ဖို့ ခက်ခဲသည်။
အချစ်...!
တကယ်တော့ အချစ်က လောကကြီးကို ကြောက်တာမဟုတ်ဘူး။ မုသားဆိုတာက လောကကြီးတစ်ခုတည်းက ဆိုနေတာမဟုတ်လေဘူး။
အချစ်...မုသားဆိုတယ်...ကြောက်စရာကောင်းတယ်။
သတ်တယ်..အဆိပ်တစ်ခုလို။ ပြီးတော့ နာကျင်တယ်။ လျစ်လျူရှုဖို့ခက်ပြီး အချိန်တွေနောက်ဆုတ်ကာ အစနေ ပြန်ပြီး ရွေးချယ်ချင်မိသည်အထိ။
ဘုရားသခင်က ချစ်ခြင်းမေတ္တာတိုးပွားစေဖို့ လမ်းပြတယ်။ လူသားတွေက ဒီဖြူစင်တဲ့ ချစ်ခြင်းမေတ္တာကို လိမ်လည်တယ်။ မျက်ရည်တွေကို နင်းချေတယ်။ ကန္တာရထဲက သဲမှုန်လေးလို လွင့်မြောစေတယ်။
ကျွန်တော်ရဲ့ သေဆုံးခြင်းနောက်ကွယ်မှာ အချစ်အစား အမုန်းတရားက ပို၍ ကိန်းအောင်းလာတော့တာဘဲ။
ကျွန်တော်လှည့်ကြည့်တော့မှာမဟုတ်ဘူး Ahmad Jeon။
...
အေးစိမ့်နေတယ်...ပြီးတော့ နွေးတယ်။ အနည်းငယ်ပင်ပန်းနေတယ်လို့ခံစားရပင်မဲ့ သက်တောင့်သက်သာလည်းရှိနေပြန်တယ်။
မျက်ဝန်းလေးဟာ တစ်ဖြည်းဖြည်းပွင့်လာသည်။ စိမ်းသက်သက်အခန်းတစ်ခုလို ခံစားရပင်မဲ့ ရင်းနှီးမှုလည်းရှိနေပြန်တာမို့ သက်ပြင်းချလိုက်သည်။ မှုန်ဝါးဝါးမြင်ကွင်းတွေကြောင့် မျက်ဝန်းကိုပြန်မှိတ်လိုက်ကာ စက္ကန့်ပိုင်းအတွင်း ပြန်ပွင့်လာသည်။
လည်ပင်းမှာ ခြောက်ကပ်နေပြီး ရေလည်းဆာသည်။ ခေါင်းကိုစောင်းလိုက်ကာ ပြတင်းပေါက်ဘက်ကို ကြည့်လိုက်တော့ အပြင်မှာ နှင်းတွေက ကျနေတာ အဖြူရောင်လွှမ်းလျက်။
ဒါပေမဲ့ သဲမှုန်စလေးတွေကို ပိုနှစ်သက်မိနေတယ်။ ဟိုအိမ်မက်တွေထဲကအထိပေါ့။
အပြင်ဘက်မှာတော့ အေးနေမှာ။ ဒီထဲမှာတော့ အနွေးဓာတ်လေးကြောင့် နေရတာသက်တောင့်သက်သာဖြစ်နေတာ။
YOU ARE READING
The Criminal & Habibi (Rewrite Version)
FanfictionFiction နဲ့ပတ်သတ်တာ သဘောမကျခဲ့သည်ရှိသော် စာရေးသူကို တိုက်ရိုက်လာပြောပေးပါ Jeon Jungkook♡KimTaehyung Sundi Minie