Aarik...Aaran ညီအကိုနှစ်ယောက်နဲ့ အရိပ်ကျသည့်နေရာ သဲပေါ်တွင် ထိုင်နေတာ မိုနိုပိုလီကစားနေကြတာဖြစ်သည်။ ရေချိုပြီး မနက်စာစားပြီးကတည်းကဒီညီအကိုနှစ်ယောက်ကို ခေါ်ထားတာဖြစ်ပြီး ဘယ်မှလည်းသွားခွင့်မပေးပေ။
လက်ဖက်ရည်ခွက်ကလေးကိုလည်းဘေးနားမှာ မှီဝဲထားရင်း။ တကယ့်ကို အာရပ်ပေါက်စလေးပမာ ဆင်တူနေသည်။
ထိုအခါ တဲထဲက ထွက်လာသည့် Ahmad Jeon နဲ့ Zahrah ကိုတွေ့သွားသည်နှင့် လက်ပြကာ ပြုံးပြသေးသည်။ တစ်ဖက်ကရှိနေသည့် နှစ်ယောက်လုံးဟာလည်း ခေါင်းငြိမ့်ပြကာဖြင့် Taehyung ရဲ့နှုတ်ဆက်မှုကို တုံ့ပြန်သည်။
“Aarik...သူတို့နှစ်ယောက်က စေ့စပ်ထားတာကြာပြီလား...”
“ငယ်ငယ်ကတည်းက...”
“အော...အခုဆို ကြီးနေပြီကို လက်မထပ်ကြသေးတာလား...”
“လက်ထပ်လုပ်တယ်ဆိုတာက နှစ်ဦးသဘောတူမှ အဆင်ပြေတာ...နားလည်မယ်ထင်တယ်...သိပ်မစပ်စုနဲ့...မဖြေချင်ဘူး...”
“ခင်ဗျားကလေ တကယ့်လူပျိုကြီးဖြစ်မယ့်စိတ်ဓာတ်မျိုး Aarik...”
မျက်စောင်းထိုးကာဖြင့် ရန်လုပ်လိုက်သည်။ ဒါလေးမေးတာကို စပ်စုတယ်က ဖြစ်သေးတယ်။ ငယ်ငယ်ကတည်းက စေ့စပ်ထားရင် အခုဆိုလက်ထပ်လို့ရပြီကို သိချင်လို့မေးလိုက်တာ။
“မကြာခင် ကျွန်မအတွက် တစ်ခုခုဆုံးဖြတ်ပေးနိုင်မယ်လို့ထင်တယ်...သဘောကျတဲ့သူရှိရင် လက်ထပ်နိုင်အောင်ကြိုးစားပါ...ချစ်နေတာနဲ့တင် မဖြစ်နိုင်ဘူးဆိုတာ သိတယ်မလား...ချစ်မြတ်နိုးရင် လက်ထပ်ရမယ်”
“ကိုယ်သိတယ်...မွန်းတည့်ချိန်ရောက်တော့မယ်...မင်းပြန်သင့်ပြီ...Aarik ကိုမြင်းယူခိုင်းလိုက်မယ်”
“ကိုယ့်ဘာသာဘဲလုပ်လိုက်မယ်...နောက်တစ်ခေါက်တော့ အဲ့ကလေးနဲ့သေချာစကားပြောအုံးမယ်...”
ခပ်လှမ်းလှမ်းက သဲပေါ်မှာ ထိုင်ကာ ကစားနေသည့် ပုံရိပ်ကလေးကို ငေကြည့်လိုက်သည်။ Kim Taehyung က တကယ်ကို ချစ်စရာကောင်းလွန်းတဲ့ ကလေးလေးဘဲ။
YOU ARE READING
The Criminal & Habibi (Rewrite Version)
FanfictionFiction နဲ့ပတ်သတ်တာ သဘောမကျခဲ့သည်ရှိသော် စာရေးသူကို တိုက်ရိုက်လာပြောပေးပါ Jeon Jungkook♡KimTaehyung Sundi Minie