Aarik က ပန်းသီး လေးလုံးကို ကိုင်လာကာ သူတို့အနားသို့ ရောက်လာသည်။ ကိုင်ထားသည့် စွံပလွံသီးနှစ်လုံးကို အင်္ကျီအိတ်ကပ်ထဲ ထည့်လိုက်ပြီး Aarik လက်ထဲက ပန်းသီးတစ်လုံးကို ယူလိုက်သည်။
“ဟေ့...”
“စားချင်လို့ယူတာဘဲ...ခင်ဗျားတို့ Boss တောင် အဲ့လောက်မဆိုးဘူး...”
“အဲ့တာ ကုလားအုတ်ကို ကျွေးဖို့...”
တစ်ကိုက်တောင် ကိုက်လိုက်ပြီလေ။ မဝါးရသေးခင် ပြန်ထွေးထုတ်လိုက်ပြီး ကိုက်ထားသည့် တစ်လုံးကိုလည်း Aarik လက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။
“ချဉ်တယ်...မကြိုက်ဘူး”
“ကုလားအုတ်တွေအတွက် သီးသန့်လေ...”
သုံးယောက်လုံး ကျွန်တော့်ကို ကြိတ်ရယ်ပြီး လှောင်နေမှန်း သိသာနေပြီ။
“သွားမယ်...”
“ဘယ်ကိုလဲ....ကျွန်တော်လိုက်လို့ရတာလား”
“အင်း...မင်းပျင်းနေမှာဘဲ...ကိုယ်နဲ့လိုက်ခဲ့...”
ပျော်သွားကာ ခေါင်းငြိမ့်ပြလိုက်သည်။ ပြန်ပေးဆွဲထားတာဆိုပင်မဲ့ အမည်ခံတစ်ခုသာ ရှိပြီး Taehyung ကို ဧည့်သည်မိသားစုဝင်တစ်ယောက်လို ဆက်ဆံကြတာ။
အာရပ်သားတွေက သူတို့စီလာတဲ့ သိသိ မသိသိ ဧည့်သည်တွေကို ဖော်ရွေတယ်လို့ ကြားဖူးပင်မဲ့ အခုမှ သေချာသိသွားသလိုမျိုးပင်။
သူသွားသည့်နောက်ကို လိုက်သွားရင် ကုလားအုတ်တွေ ထားသည့်နေရာသို့ရောက်သွားသည်။ အခုမှ သေချာမြင်ဖူးတာဖြစ်ပြီး တကယ့်ကို ကြီးတဲ့အကောင်တွေ။
“ကျွန်တော့်ကို ဒီကောင်တွေ ပြချင်လို့လား...ကျွန်တော်မကြိုက်ဘူးနော်...”
နောက်ပြန်လှည့်ထွက်ရန်ပြင်တော့ ကျွန်တော့်လက်ကို သူက လှမ်းဆွဲသည်။ ကုလားအုတ်ဆို ကုလားအုတ်သားဘဲ စားရတာ ကြိုက်တာ။
တကယ်က အကြီးကြီးမို့ ကြောက်သည်။
“ပြမလို့တင်မဟုတ်ဘူး...စီးရမှာ..သွားစရာရှိတယ်လို့”
YOU ARE READING
The Criminal & Habibi (Rewrite Version)
FanfictionFiction နဲ့ပတ်သတ်တာ သဘောမကျခဲ့သည်ရှိသော် စာရေးသူကို တိုက်ရိုက်လာပြောပေးပါ Jeon Jungkook♡KimTaehyung Sundi Minie