Part 13

2.8K 326 56
                                    

Unicode

သူနဲ့ကျွန်တော် သူ့အိမ်မှာဘဲ တစ်ရက်နဲ့တစ်ည ကုန်ဆုံးသွားတာဖြစ်ပြီး နောက်နေ့ မနက်ကျတော့ ကျွန်တော့်ကို အိမ်လိုက်ပို့ပေးဖို့ သူလုပ်သည်။ တကယ်ဆို သူ့ကို မလိုက်စေချင်ဘူး။ဒယ်ဒီက အစကတည်းက သူ့ကိုဘယ်လောက်တောင် ဒေါသထွက်နေလိုက်သလဲ။ မျက်နှာချင်းဆိုင်ရင် ပိုဆိုးမှာ သိသည်။

ဖြစ်ပါ့မလား...ဖြစ်ပါ့မလားဆိုသည့် ဒွိဟနေသည့်စိတ်နဲ့အတူ ကျွန်တော်ဟာ သူနဲ့အတူ ဒယ်ဒီရှိရာ အိမ်သို့ပြန်လာခဲ့သည်။ ကြောက်စိတ်ကြောင့် သူ့လက်ကိုတင်းကျပ်နေအောင်ဆုပ်ကိုင်ထားမိလျက်။ ပတ်သတ်မှုအစစ်အမှန်ကိုသာ အခုချိန် ဒယ်ဒီ့ကို ဝန်ခံလိုက်ရင်မုန်းသွားလေမလား။ ဒါမှမဟုတ် လူသတ်မှုတွေများ ဖြစ်သွားမလားဆိုသည့် စိုးရိမ်စိတ်တွေနဲ့။

"ကြောက်နေတာလား"

"ခင်ဗျားတစ်ခုခုဖြစ်မှာဆိုးလို့..."

ကားပေါ်ကနေ ဆင်းလိုက်ပြီး အိမ်ထဲသို့ သူနဲ့အတူ ဝင်လိုက်တော့ ထိုင်နေသည့် ဒယ်ဒီ့ကိုတွေ့လိုက်ရသည်။ သူနဲ့ကျွန်တော် လာမယ်ဆိုတာ ကြိုသိနေပုံဘဲ။ ဘာမှလည်းအံ့ဩမနေဘဲ သူနဲ့ကျွန်တော့်ကို ကြည့်သည်။

သူက ဒယ်ဒီနဲ့ မျက်နှာချင်းဆိုင်စွာ ဝင်ထိုင်လိုက်တော့ နှစ်ယောက်သား အကြည့်တွေမှာ စိန်ခေါ်နေမှုတွေလေ။ မဟုတ်မှ ထပြီး ရန်တော့မဖြစ်ဘူးမလား။ အဲ့လိုဆိုရင် ကြားထဲကနေ သားဖြစ်တဲ့ကျွန်တော်က သိပ်ကို နေရခက်တော့မှာဘဲ။

"Kim Taehyung ဒီဘက်ကိုလာခဲ့"

ရပ်နေသည့် ကျွန်တော့်ကို ဒယ်ဒီက လေသံမာမာဖြင့် ခေါ်သည်။ ကျွန်တော်က ထိုင်နေသည့်သူ့ကိုတစ်ချက်ကြည့်ကာ သွားရန်ပြင်တော့ ကျွန်တော့်လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။

"ဘယ်သွားမှာလဲ...ကျုပ်အပိုင်က ကျုပ်အနားထိုင်သင့်တယ်လေ လူကြီးမင်း"

ဆွဲချလိုက်တော့ သူ့ဘေးနားတွင် ထိုင်လျက်ဖြစ်သွားပြီး ခါးကို ဖက်လာတော့ နေရခက်ခြင်းတွေ။ ဒယ်ဒီ့ရှေ့တမင်လုပ်နေတာ သိသာနေပြီ။

"မင်းအပိုင်...ငါ့သားက မင်းအပိုင်...ဘယ်လိုများပိုင်ဆိုင်လို့ ဒီလိုခေါင်းစဉ်တပ်ရတာလဲ"

The Criminal & Habibi (Rewrite Version) Donde viven las historias. Descúbrelo ahora