Part 17

2.8K 358 85
                                    

Unicode

ကုတင်ထက်က ကောင်လေးကို ကြည့်ရင်း သက်ပြင်းတစ်ချချဖြင့်။ မနေ့ည အိမ်ပြန်သွားကတည်းက သူငယ်ချင်းဖြစ်သူပြောအရဆို ကောင်လေးက သတိလည်လာလိုက် ပြန်မေ့သွားလိုက်နဲ့ရှိနေခဲ့တာ။ 

သတိလုံးလုံးရလာတာလည်းမဟုတ်ဘဲနဲ့ အဖျားတွေတက်ပြီးဖြစ်နေခဲ့တာ။မိုးလင်းခန်နီးမှသာ သက်သာသွားပြီး ဆေးတစ်လုံးထပ်ထိုးပေးလိုက်ကာဖြင့် အခုအိမ်မောကျနေတာဖြစ်သည်။ 

ဂျူတီကုတ်အဖြူရောင်နဲ့ Sungmin သည် ဆေးရုံရောက်ကတည်းက လုပ်စရာရှိသည့်အလုပ်တစ်ချို့ကို လုပ်ပြီးသည်နှင့် ဒီကောင်လေးစီကိုရောက်လာတာဖြစ်သည်။ နှိုးလာမှ မိသားစုအကြောင်း မေးမယ်လို့တွေးထားပင်မဲ့လည်း ဒီလိုအခြေအနေမှာ မေးလို့ကောင်းပါ့မလားဆိုသည့် အတွေးက တစ်တွေးတွေးဖြင့်။

"နှိုးလာရင်ဒီကလေးကို ဘယ်လိုလုပ်မှာလဲ...ငါဒီနေ့ရက်စွဲတွေနဲ့ သတင်းစာတွေကိုလည်းလိုက်ရှာပြီးပြီ ဒီကလေးပုံနဲ့လူပျောက်တိုင်ထားတာတောင်မရှိဘူး။"

"ထွက်ပြေးလာတာဖြစ်မလား...ငါလူတစ်ယောက်ကို ခေါ်ထားရတာ ဝန်မလေးပင်မဲ့ ဒီကလေးက ကိုယ်ဝန်နဲ့ဆိုတော့...သိပ်စိုးရိမ်တာဘဲ။"

"ကဲပါ...သူနှိုးလာမှ မေးမြန်းပြီး တစ်ခုခုစီစဉ်ရမှာပေါ့...ငါ့အလုပ်ချိန်ပြီးပြီမို့ ပြန်တော့မယ်ကွာ...မင်းတစ်ချိန်လုံး ဒီကလေးနားဘဲ ကပ်မနေနဲ့...သူနာပြုတစ်ယောက်နဲ့ ကြည့်ခိုင်းထားလိုက်..."

သူငယ်ချင်းဖြစ်သူထွက်သွားမှ ထိုင်နေရင်းမှ ထလိုက်ကာ အိပ်နေသည့်ကောင်လေးအပေါ်ကို စောင်သေချာခြုံလွှမ်းပေးလိုက်ပြီး အခန်းထဲမှာ ထွက်လာခဲ့သည်။ 

တစ်နေလုံး အလုပ်လုပ်နေပင်မဲ့ စိတ်က ဟိုကလေးစီမှာ။ 

"ဒေါက်တာ..."

"အလောတကြီးနဲ့ဘာဖြစ်လာတာလဲ..."

"ဒေါက်တာခေါ်လာတဲ့ ဟိုလူနာကလေးလေး သတိရလာပြီ..."

"ဟမ်..."

လျင်မြန်နေသည့် ခြေလှမ်းတွေဖြင့် ထိုကလေးစီကို။

အခန်းထဲ ပြေးဝင်လိုက်တော့ ကုတင်ပေါ်က ကောင်လေးက မျက်လုံးဝိုင်းလေးဖြင့် ကြည့်လာသည်။ 

The Criminal & Habibi (Rewrite Version) Where stories live. Discover now