Part 14

2.4K 313 78
                                    

Unicode

ဒီနေ့ သူ့ရဲ့တောင်းဆိုမှုကြောင့် ဒယ်ဒီ့စီကို ကိုယ်တိုင်လာခဲ့တာဖြစ်သည်။ အိမ်မှာမရှိသည်မို့ ရုံးချုပ်ကိုလိုက်လာတာ။ T-shirt အဖြူလေးကို ဝတ်ထားကာ အပေါ်တွင် ရှပ်လက်ရှည်အကွက်ပြာဖြူလေးကို ထပ်ဝတ်ထားလျက် ဂျင်းဘောင်းဘီအပြာအရှည်လေးနဲ့အတူ ဘွတ်ဖိနပ်အဖြူလေးကို ဝတ်ထားကာ ကျောင်းလွယ်အိတ်ကိုလည်း ကားထဲကနေ ယူလိုက်ပြီး လွယ်လိုက်သည်။

ထို့နောက် ဒယ်ဒီရှိရာ ရုံးခန်းဘက်သို့ ဦးတည်လာလျက်ဖြင့်။

"ဒယ်ဒီကော...ကျွန်တော်ရောက်နေတယ်လို့သတင်းပို့ပေးပါ...အရေးတော့မကြီးပင်မဲ့ မအားဘူးဆိုလည်း ကျွန်တော်စောင့်မလို့ရယ်"

သတင်းပို့လိုက်တော့ ဒယ်ဒီက ချက်ချင်းလက်ခံပြီးတွေ့ပေးကြောင်း အကြောင်းပြန်သည်။ 

"အဲ့ဆို ကျွန်တော်ဝင်သွားလိုက်တော့မယ်နော်"

အရင်ကတည်းက ဒယ်ဒီ့အလုပ်ခန်း ရုံးခန်းတွေဆို မဝင်ရဲတာမို့ ခွင့်တောင်းပြီးမှသာ ဝင်တာများသည်။ ရုံးခန်းထဲသို့ ဝင်သွားလိုက်တော့ ဖိုင်တွဲတွေကြား အလုပ်ရူပ်နေသည့် ဒယ်ဒီ။

"ရုံးချုပ်အထိ လိုက်လာတယ်ဆိုတော့ ကိစ္စတစ်ခုခု ရှိလို့လား..."

"အိမ်ပြောင်းကတည်းက မတွေ့ရလို့ ကျွန်တော်လာတာပါ ဒယ်ဒီ"

ဒယ်ဒီစိတ်မဆိုးမိအောင် စကားကို အကောင်းဆုံးရစ်ပတ်ပြောလိုက်တာဖြစ်သည်။ တကယ်တော့ သူ့အတွက်လာခဲ့တာမလား။ ခေါင်းစဉ်အမှန်ကို မပြောချင်လို့သာ။

"ငါက မင်းဖအေပါ...ရုံးကိုမလာဖူးတဲ့ကလေးက ပထမဆုံးလာတာ မင်းပြောတဲ့စကားကို ယုံကြည်ရမှာလား။လိုရင်းကိုပြော Taehyung။ ဝေ့လည်ကြောင်ပတ်လုပ်တာ ဒယ်ဒီမကြိုက်ဘူး။ ပြီးတော့ အချိန်လာမဖြုန်းနဲ့။"

ဒဲ့တိုးပြောချလာသည့် ဒယ်ဒီကြောင့် နေရခက်စွာရှိသည်။ အလိုလိုမှ ဒယ်ဒီက Ahmad Jeon ကို ကြည့်မရဖြစ်နေမလား။ မကောင်းမမြင်စေချင်တာမို့ ကြားထဲကနေ တစ်ခုခုအဆင်ပြေစေချင်တာ။

အောက်နှုတ်ခမ်းလေးကို မသိမသာ ကိုက်ရင်း ပြောမဲ့စကားကိုအားယူလိုက်သည်။

The Criminal & Habibi (Rewrite Version) Donde viven las historias. Descúbrelo ahora