Part 19

2.6K 339 39
                                    

Unicode

"ဆေးတွေကိုအချိန်နဲ့ခွဲပေးထားတယ်...ပြီးတော့ ကျောင်းပြင်မှာ အကိုတို့လူတွေရှိတာမို့ Taehyung အကိုလာကြိုတဲ့အချိန်ကလွဲပြီး ကျောင်းပြင်ထွက်လို့မရဘူးနော်...ကျောင်းထဲအထိ လူတွေမထားပေးတာက Taehyung အရမ်းစိတ်ရူပ်သွားမှာဆိုးလို့..."

"အင်း..."

"ပြီးတော့ သူငယ်ချင်းထားလို့ရတာမို့ ... ကျောင်းထဲမှာ ပျော်‌အောင်နေနော်...ကျောင်းပြင်ရောက်ရင်တော့ အဲ့သူငယ်ချင်းတွေကိုလည်း မေ့ပြီးထားခဲ့ရမယ်...Taehyung အကိုပြောတာ နားလည်လား...အကိုဒီလိုလုပ်ပေးတယ်ဆိုတာ Taehyung စိတ်ကျန်းမာရေးကြောင့်သာ..."

စိတ်ထဲကနေသာ ရယ်လိုက်မိသည်။ အပြင်မှာ ကျောင်းတက်လည်းဘာမှမထူးတာသိပင်မဲ့ တစ်နေကုန်အိမ်ထဲမှာနေတာထက်ဆို ဒါလည်းမဆိုးပါဘူးဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တာ။ ဒါပေမဲ့ ကျောင်းပြင်ရောက်ရင် အိမ်မက်ကနေ နှိုးထလိုက်ဆိုသည့် သဘောဘဲပေါ့။

ကျောင်းထဲအထိ လိုက်ပို့ပေးတော့ အားလုံးက မမြင်ဖူးသည်မို့ ကြည့်နေကြတာ။ မိန်းကလေးတွေမရှိဘဲ ယောကျာ်းလေးသီးသန့်ကျောင်းဖြစ်နေတာရယ်။

ကျောင်းအုပ်ကြီးရုံးခန်းထဲမှာ Taehyung ကို အပ်ခဲ့သည်။ ခေါင်းငုံ့ကာ မျက်လွှာလေးကို ချလျက် သူတို့စကားတွေကိုလည်း နားမထောင်နေမိတာ။ ဘယ်လိုဘဲပြောပြော Taehyung ကိုငယ်ငယ်ကတည်းက ချုပ်ကိုင်ထားကြတာဘဲမလား။

ကျောင်းတက်တော့ ကျောင်းအုပ်ကြီးကိုယ်တိုင် Taehyung တက်ရမယ့်အတန်းကို လိုက်ပို့ပေးတာ။ အကိုက အသေအချာ အပ်ခဲ့တာကို။

"ကျောင်းသားတို့ ဒီနေ့တော့မင်းတို့ကို ကျောင်းသားအသစ်နဲ့မိတ်ဆက်ပေးရမှာပေါ့...Kim Taehyung တဲ့...ဆရာ့သူငယ်ချင်းရဲ့ သား...အခုမှအပြင်မှာ ကျောင်းတက်တာမို့ မင်းတို့က သူငယ်ချင်းအသစ်ကို ဂရုစိုက်ပေးကြပေါ့..."

အားလုံးက ကြည့်နေကြသည်မို့ မနေတတ်သည်မို့ မူပိုင်လေးအတိုင်း မျက်လွှာချထားမိလျက်။ Taehyung ပုံစံလေးက ဖဲအင်္ကျီငန်းဖြူရောင်လေးကို ဘောင်းဘီအဖြူလေးနဲ့တွဲဝတ်ထားတာပြီး လည်ပင်းတွင် ပုလဲဆွဲကြိုးလေးက နေရာယူထားလျက်ရှိကာ ဝတ်ပုံစားပုံကြည့်တာနဲ့ လူကုံထန်အသိုင်းအဝိုင်းကြီးထဲကမှန်း သိသာသည်။ 

The Criminal & Habibi (Rewrite Version) Tempat cerita menjadi hidup. Temukan sekarang