Part 24

2.3K 284 37
                                    

Unicode

လက်ထဲက ကျသွားသည့် ဖုန်းနံပါတ်ကို ငေးကြည့်ကာ Jungkook သည် 'တောက်ခ်'တစ်ချက်ကို ခပ်ပြင်းပြင်း ခေါက်လိုက်ရင်း။

ဘေးနားက သောက်လက်စ ရှန်ပိန်ပုလင်းကို ကောက်မော့လိုက်တာ။

"Jungkook မင်းသောက်လို့မရတာသိရဲ့နဲ့...မင်းကို ဘာပြောလိုက်လို့လဲ"

"Kim Taehyung တို့က ငါ့ထက် သူ့မိသားစုစကားကိုဘဲ ရွေးမယ့်အခြေအနေဘဲ...ငါသွားပြီးထိပ်တိုက်ရှင်းရမှာ..."

ဒေါနဲ့မောနဲ့ ထကာ Taehyung စီသွားဖို့လုပ်သည့် Jungkook ကို သူတို့တားရသည်။ ပြီးတော့ Taehyung တို့အသိုင်းအဝိုင်းက သိပ်အန္တရာယ်များတယ်။ခံရရင် ကိုယ့်သူငယ်ချင်းဘဲခံရမှာ။

"မင်းသွားပြီးဘာလုပ်မှာလဲ..."

"ငါ့ကိုမချစ်ဘူးဆိုတာ ငါ့မျက်လုံးကိုသေချာကြည့်ပြီး သူပြောရမယ်... သူက ငါ့အပိုင်ဆိုတာ သူမေ့သွားတာလား..."

"အဲ့တော့ရော ပြောလိုက်တော့ရော သူ့မိသားစုက လက်ခံမှာတဲ့လား...Kim Taehyung ကအရင်ကတည်းက မိသားစုကိုကြောက်ရတယ်ကွ...ဒီလိုတွေလုပ်နေလည်းဘာမှမထူးဘူး..."

"သွားတော့...မင်းတို့သွားတော့..ငါတစ်ယောက်တည်းနေချင်တယ်"

"Jungkook..."

"ငါကိုယ့်ဘာသာကို ထိန်းနိုင်တာမို့ ငါ့ကိုတစ်ယောက်တည်း လွှတ်ထားပေးလို့ရမလား...အချိန်လိုအပ်နေတယ်...သွားကြပါ"

သူတို့ထွက်သွားသည်နှင့် ပုလင်းကို ရိုက်ခွဲပစ်လိုက်သည်။ ဒေါသလည်းထွက်နေမိသလို ခံပြင်းနေမိတာ။ ကိုယ်တိုင်မျက်မြင်ပါ တွေ့လိုက်ရတော့ ပိုဆိုးသွားတာ။

"မင်းလား...Jeon Jungkook"

အမေးအသံကြားလိုက်ခြင်းနဲ့အတူ ကြည့်လိုက်တော့ ရပ်နေကြတာ။ Taehyung...အဖေ..နဲ့ သူ့အကို။ ပြီးတော့ သူတို့လူတွေနဲ့။

"ငါက Kim Taehyung ရဲ့အဖေ။"

Jungkook ဟာ ထရပ်လိုက်ပြီး မျက်နှာချင်းဆိုင်မိလျက် ကြည့်လိုက်သည်။ သောက်ထားပင်မဲ့ သူပုံပျက်အောင်ထိ မူးမနေပေ။

"မင်းကို ငါက သားနဲ့သဘောတူမယ်ဆိုပြီး ဘယ်လိုစိတ်နဲ့များ ထင်လိုက်တာလဲ...ဟမ် Jungkook"

The Criminal & Habibi (Rewrite Version) Where stories live. Discover now