Unicode
ဒီတစ်ခါသားနဲ့အတူ လိုအပ်သည်များကို ထည့်၍ အထုတ်အနည်းငယ်ဖြင့် ဒေါက်တာရဲ့ အိမ်ကနေထွက်လာခဲ့တော့သည်။ အဓိက သားပစ္စည်းတွေချည်းမို့ သယ်ရတာတော့ အရမ်းကြီးမလေးပင်မဲ့ သားတစ်ဖက်နဲ့ရော အထုတ်တွေနဲ့ပါ ပင်တော့ပင်ပန်းသည်။
ဒေါက်တာအလုပ်သွားသည့်အချိန်တွင်ထွက်လာခဲ့တာမို့ တစ်ယောက်တည်းဖြင့် ဒုက္ခများနေတာလည်းပါသည်။ စိတ်က ဘယ်သူ့အကူအညီမှ မယူချင်တာမို့ တစ်ဇွတ်ထိုးဖြစ်နေတာ။
အငှားကားတစ်စီးကိုလှမ်းတားလိုက်ပြီး အထုတ်တွေကို ကားပေါ်တင်ကာ သားကိုပွေ့ထားလျက် ငှားရမ်းထားသည့် ကွန်ဒိုစီသို့ Taehyung မှားဦးတည်လိုက်လေသည်။ ကားမှန်ကို ပိတ်လိုက်ပြီး ကိုယ်ပေါ်တွင် အိပ်ပျော်နေသည့် သားကို ဖက်ထားရင်းဖြင့် ခေါင်းမှီလိုက်ကာ မျက်ဝန်းလေးပါ မှိတ်ချလိုက်ရင်း...။
ပင်ပန်းမှုတွေကို ဦးတည်လိုက်ရင် မျက်ရည်တွေဟာ ကျလာမှာမို့ စဉ်းစားစိတ်တွေကို ရပ်တန့်ထားရသလို။
မသိမသာ သားရဲ့ ခေါင်းလေးကို မွှေးကြူရင်း မြင်ယောင်လာတဲ့ သူ့မျက်နှာဟာ ကျွန်တော့်နှလုံးသားထဲမှာ အမြစ်တွယ်နေမှန်းသိပ်ကိုသိသာလှသည်။
ဒုတိယတစ်ကြိမ်ကရော ထပ်နာကျင်ဖို့လုပ်ခဲ့သလား။ ဒါပေမဲ့ ချစ်နေလွန်းလို့ ဒုတိယတစ်ကြိမ်လည်း သူ့အတွက် မဟုတ်တာ...သူနဲ့အတူတူ သေဖို့ရွေးချယ်ခဲ့တဲ့အထိလေ။
ကလေးကို ပို၍ တိုးဖက်လိုက်ရင်း သက်ပြင်းရှိုက်လိုက်မိသည်။ ငိုချင်စိတ်ကို ထိန်းထားမှန်းသိသာနေတာမို့ အောက်နှုတ်ခမ်းလေးဟာလည်း မသိမသာ တုန်ယင်နေလျက်။
တော်သေးတယ်...သားကို ပြန်တွေ့ရလို့...သားကို နောက်တစ်ကြိမ်ရင်ခွင်ထဲပြန်ထည့်နိုင်လို့။
အဲ့လိုက နာကျင်ခြင်းတွေကို အနည်းငယ်မျှလျော့နည်းစေလို့။
ကားရပ်သွားခြင်းကြောင့် ရောက်ပြီဆိုတာ သိပြီမို့ ကားပေါ်ကနေဆင်းလိုက်ကာ ကားသမားကအထုတ်တွေကို ချပေးလာသည်။ သားနဲ့မို့ အရမ်းအမြင့်အထိ ငှားထားတာမဟုတ်ပင်မဲ့ သားနဲ့အဆင်ပြေလောက်မည့်အနေအထားကိုရွေးခဲ့တာဖြစ်သည်။
YOU ARE READING
The Criminal & Habibi (Rewrite Version)
FanfictionFiction နဲ့ပတ်သတ်တာ သဘောမကျခဲ့သည်ရှိသော် စာရေးသူကို တိုက်ရိုက်လာပြောပေးပါ Jeon Jungkook♡KimTaehyung Sundi Minie