Unicode
မှန်ရှေ့မှာ အကြိမ်ကြိမ်ခေါက်တုံ့ခေါက်ပြန် ကိုယ့်ပုံစံကို ပြန်ကြည့်ရင်းနဲ့။ ဒီနေ့တော့ ညစာစားပြီးကတည်းက ညအိပ်ဝတ်စုံမလဲသေးဘဲ နောက်ထပ် အဝတ်စားလှလှလေးတစ်စုံတောင်လဲထားမိနေတယ်။
ပြီးတော့ စိတ်က သူထပ်ပြီး ခိုးဝင်လာမယ်လို့ ထင်နေရသလဲ။လာမယ်မလား။ လာမှာပါ။
ဒေါက်...ဒေါက်...
ဆက်ခနဲတုန်သွားသည့် ခန္ဓာကိုယ်လေးနဲ့အတူ ပြုံးယောင်သန်းလာမိသည်။ သူလာပြီ။
တံခါးကို ဖွင့်လိုက်တော့ သူရပ်နေတာ။
"ကိုယ်ကမင်းအိပ်လောက်ပြီထင်နေတာ..အခုတော့ ညအိပ်ဝတ်စုံတောင်မလဲရသေးဘူးဘဲ။"
"အာ...အခုလဲမလို့ပါ...ဒါမဲ့..."
"ဒါမဲ့..."
"ဒါမဲ့ ခင်ဗျားတံခါးလာခေါက်လို့လေ..."
သူက ရပ်နေရင်းမှ ပြုံးကာဖြင့် နောက်ဆုတ်သွားပြီး ဝရံတာဘောင်ကိုမှီလိုက်သည်။
"အဲ့လိုနေရင် တစ်ယောက်ယောက်ခင်ဗျားကို အောက်ကနေ မြင်သွားလိမ့်မယ်..."
"အဲ့ဆို ကိုယ့်ကို ခေါ်လေ.."
လက်ကနေဆွဲကိုင်ခေါ်လိုက်တော့ နီးကပ်သွားတဲ့ ခန္ဓာကိုယ်နှစ်ခု။ Jungkook ရဲ့လက်ကလည်း Taehyung ရဲ့ခါးပေါ်သို့ချက်ချင်းပြောင်းရောက်သွားသည်။
"ခင်ဗျားလူလည်လုပ်တာ..."
"ကိုယ်က မင်းအတွက်လူလည်ဘဲလေ...မင်းက ငတုံးလေးဘဲကို.."
"လွှတ်...Jungkook..."
ရယ်ရင်းလွှတ်ပေးလာသည်။
တံခါးခေါက်သံကြောင့် အလန့်တကြားဖြစ်သွားရင်း။
"တံခါးခေါက်နေတယ်...ခင်ဗျားပုန်းမှရမယ်...မဟုတ်ဆိုမလွယ်ဘူး Jungkook..."
အခန်းကို အမှောင်ချထားသည်မို့ အပြင်ကနေ ကြည့်နေရင်တောင်မြင်ရမှာမဟုတ်တာမို့ သူ့ကိုဆွဲခေါ်လာကာ ကုတင်ပေါ်သို့ တက်ခိုင်းလိုက်ပြီး စောင်အကြီးကြီးဖြင့် အုပ်ခြုံပေးလိုက်ကာ ဗီရိုထဲကနေ တွေ့ကရ ညအိပ်ဝတ်စုံတစ်စုံကို ထုတ်ကာ ကိုင်လိုက်ရင်းနဲ့ တံခါးကိုဖွင့်လိုက်သည်။
KAMU SEDANG MEMBACA
The Criminal & Habibi (Rewrite Version)
Fiksi PenggemarFiction နဲ့ပတ်သတ်တာ သဘောမကျခဲ့သည်ရှိသော် စာရေးသူကို တိုက်ရိုက်လာပြောပေးပါ Jeon Jungkook♡KimTaehyung Sundi Minie