Part 23

2.6K 288 27
                                    

Unicode

သစ်ပင်အနောက်တွင် ကွယ်ကာ အဝတ်အစားလဲလိုက်ပြီး သူ့ရဲ့ရှပ်အင်္ကျီကို ထပ်ဝတ်လိုက်တော့ ကြီးနေသည်မို့ တင်ပါးကိုဖုံးလျက်တောင်ရှိနေသေးသည်။

အဝတ်အဖြူတွေကို သစ်ပင်ကိုင်းပေါ်တွင်တင်လိုက်ပြီး ထွက်လာတော့ Jungkook က ကျွန်တော့်ကို မြင်သည်နှင့် သဲပြင်ပေါ်မှာ ထိုင်နေရင်းမှ ရယ်လိုက်သည်။ ရှက်ပင်မဲ့ ကျွန်တော်ဘာလို့လုပ်မိမှန်းမသိတာ။

"ဘာလဲ...ခင်ဗျားလည်း ယောကျ်ားလေး..ကျွန်တော်လည်း ယောကျာ်းလေးဘဲလေ...ဘာတွေထူးခြားနေလို့လဲ..."

"ထူးခြားတယ်...ထူးခြားနေတယ်လေ...မင်းက ပိုလှတယ်...ပြေးလို့ရတယ်..Taehyung ပြေးတော့..."

သဲပြင်ပေါ်ကနေ အလောတကြီးထလာပြီး ကျွန်တော့်မှာ သူ့စကားအတိုင်းပြေးမိတော့ သူက ရယ်ရင်းနဲ့နောက်ကနေ လိုက်ဖမ်းသည်။ မဟုတ်မှ ကျွန်တော့်ကို စနောက်ပြီး လိုက်ဖမ်းတဲ့သဘောပေါ့။

"Jungkook...ခင်ဗျား"

"မိတော့မှာနော်...ကိုယ်မညှာဘူး..."

နောက်ဆုံး ခါးလေးကို ဖက်ပစ်လိုက် ပွေ့ချီလိုက်ကာ ရေထဲသို့ ပစ်ချလိုက်တာ။ကျွန်တော့်ကိုလေ...ကျွန်တော့်ကို ‌ရေထဲပစ်ချလိုက်တာပါ။

ထို့နောက် သူပါ ခုန်ဆင်းလာပြီး ရေထဲကနေ ပြန်ထွက်လာသည့် ကျွန်တော့်ကို ပြန်ဆွဲထားတာ။

"ခင်ဗျား...ကျွန်တော့်ကို သေအောင်လုပ်နေသလား..."

"လုပ်စရာလား...အချစ်တွေဘဲ ပေးနေတာလေ...မင်းငြင်းနေတာမဟုတ်လား"

လည်ပင်းလေးကိုတိုးဝေ့ကာဖြင့် သူပြောတော့ ကျွန်တော့်မှာ ရယ်မိလျက်။ မိုးတွေက အုံ့မှိုင်းဖြစ်လာကာ ချက်ချင်းဆိုသလို ရွာချလာရင်း ရေထဲကနေတစ်ဖန် မိုးရေတွေ့ပါ ထပ်ဆိုးလျက်။ ဖျားကုန်တော့ပါ့မလား...သူအရမ်းဆိုးနေပြီ။

ခေါင်းကို မော့လိုက်တော့ လည်ပင်းကို တိုးဝေ့နေရင်းက နမ်းရှိုက်ကာဖြင့် စုပ်ယူကိုက်နေလျက်ကြောင့် သူ့ပုခုံးပေါ်က ကျွန်တော့်လက်ကလေးဟာ ပို၍တင်းကျပ်သွားသည်။ ကျွန်တော့်ကို နေရခက်အောင် သူလုပ်နေတာ။

The Criminal & Habibi (Rewrite Version) Where stories live. Discover now