2

12 3 0
                                    

၁၃၈၃ခု....

တိတ်ဆိတ်နေသည့် ဆေးခန်းလေးတစ်ခု။ ဆေးခန်းအတွင်း၌ လူနာအဖြစ် တိရစ္ဆာန်ငယ်လေးများနှင့် ပိုင်ရှင်များသာရှိသည်။

"ဒီဓာတ်ဆားရည်ကို သောက်ရမယ်နော် "

...

"စိတ်မပူနဲ့ မင်းကြိုက်မှာပါ..."

တအီအီအော်နေသည့် ခွေးကလေးကို ညင်သာစွာ အမွှေးလေးကို ဖွလိုက်တော့ ငြိမ်ကျသွားသည့် ခွေးငယ်လေး။

"ဆရာ့ စကားကို နားလည်တယ်ထင်တယ်"

ကျွန်တော် ဘာမှပြန်မပြော။
ပိုင်ရှင် ကောင်လေးကလည်း ကျွန်တော့်ကို ပြုံးကာ နှုတ်ဆက်လိုက်သည်။

"သွားစို့ ရွန်း..."

၁၀နှစ်အရွယ်ကောင်လေးက အညိုရောင် ခွေးအသေးလေးကို ပွေ့ချီသွားကာ ဆေးခန်းတံခါးအပြင်ဘက်သို့ ထွက်သွားသည်။

ကောင်လေးထွက်သွားသည်နှင့် အခန်းလေးက တိတ်ဆိတ်သွား၏။

ကျွန်တော့်၏ တစ်နေ့တာ ဖြတ်သန်းမှု ပြီးဆုံးတော့မည်။ ကျွန်တော် တိရစ္ဆာန်ဆရာဝန်တစ်ယောက်ဖြစ်လာလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပါ။ သည်ဆေးခန်းကို ရောက်ခဲ့သည့် သတ္တဝါလေးတစ်ကောင်အဖြစ်မှလေ။

ဤမြို့တွင် နေထိုင်ခဲ့သည်မှာ ၃နှစ်ပြည့်တော့မည်။ ဖုန်းလိုင်းသာ ရှိပြီး အင်တာနက်လိုင်း မရှိသည့် မြို့ငယ်လေး။ ဒါတွေမရှိတာက ထွေထွေထူးထူးတော့ အရေးမပါလှပေ။ စစ်ကိုင်းတိုင်းတွင် ရှိသည့် နယ်မြို့လေးတစ်ခုသက်သက်။ လူငယ်များ နည်းပါးသည့် မြို့ငယ်လေး။

ကျွန်တော့် ဆံပင် အဖြူရောင်ကို အချို့က "ဆရာက အရောင်ဆိုးရတာ ကြိုက်တယ်နော်" ဟု ပြောကြသည်။ စူးရှသည့် အဝါရောင် မျက်လုံးများ ကိုလည်း မျက်ကပ်မှန် တပ်ထားတာလားဟုပင် မေးကြသေးသည်။ ကျွန်တော်၏ ဖြစ်တည်မှုက ဤတိုင်းပြည်တွင် ပြဿနာမဟုတ်။ သို့သော် အခြားတိုင်းပြည်များတွင် လောကကြီးကို အလွယ်တကူ ​ပျက်သုဉ်းသွားစေနိုင်သည့် လက်နက်များ ရှိနေသည့်အကြောင်း သိရှိရချိန်တွင် အနည်းငယ်စိတ်ညစ်သွား၏။

ငယ်ချစ်ပုံပြင်Where stories live. Discover now