ကျွန်တော် အသုံးမကျတာက အခုမှ မဟုတ်ပါဘူး။ ဟိုးယခင်တည်းက အသုံးမကျခဲ့တာပါ။ ကိုယ်ချစ်တဲ့ လူကို ကာကွယ်မပေးနိုင်ခဲ့ဘူး.....
၁၃၇၄ခု...
အမိုးတံစက်မြိတ်အောက်မှ လှပစွာ ကျဆင်းနေသည့် မိုးစက်ကလေးများ။ သာယာညင်သာပြီး တစ်လောကလုံးကို လှပသည့် တေးဂီတတစ်ပုဒ်ဖြင့် ဖျော်ဖြေနေသည်။ နားဆင်နေသည့် လူတိုင်းအား မိန်းမောသွားစေရန် စွမ်းဆောင်နိုင်သည်။
"ညီတော်...စာလုပ်ခိုင်းတာကို အိပ်နေပြန်ပြီလား..."
အစ်ကိုတော် ဝီရ၏ စကားကို ကြားသော်လည်း အိပ်မက်ထဲက အသံကဲ့သို့ တိုးတိုးညင်သာစွာပင် ဖြစ်သည်။ ကျွန်တော်လည်း ချိုသာစွာ တုံ့ပြန်ဖြစ်သည်။
"ကျွန်ုပ်က လူမဟုတ်ဘူး နောင်တော်
တော်...သည်တော့ အိပ်မယ်..အိပ်ရေးဝရင် စားမယ်...အရွယ်ရောက်ရင် ကြင်ယာရှာမယ် စာလုပ်တယ် ဆိုတာက ကျွန်ုပ်နဲ့ လားလားမှ မသက်ဆိုင်တာ "စာအုပ်တစ်အုပ်ကို တည်ငြိမ်စွာ ဖတ်နေသည့် နောင်တော်ကို ဆိုလိုက်ပါသည်။
နောင်တော်က ကျွန်တော်ကဲ့သို့ တိရစ္ဆာန်တစ်ကောင်မဟုတ်ဘဲ လူသားတစ်ယောက်ဖြစ်သည်။ မင်းသမီးလေးကို ဘယ်လောက်ချစ်မြတ်နိုးခဲ့သလဲ ဆိုတာကို အသိဆုံးလူတစ်ယောက်ဖြစ်ခဲ့သည်။ ကျွန်တော့်ထက် ပိုတော်သည်။ လူသားများနှင့် ဆက်ဆံရာတွင်လည်း အဆင်ပြေသည်။ အသက်လည်း ၁၀နှစ်ခန့် ကြီးသည်။ ပြည့်ရှင်မင်းတရားကြီးနှင့်လည်း ရင်းနှီးသည့် ပညာတော်သင်နေသည့် ကျောင်းသားတစ်ဦးလည်း ဖြစ်သည်။ ကျွန်တော်သာ အရာအားလုံး ဆန့်ကျင်ဘက်ဖြစ်၏။
မိုးလည်း တိတ်သွားသည့် အတွက် မြေသင်းနံ့ မွှေးမွှေးလေးထွက်ပေါ်လာသည်။ သည်အနံ့ကိုလည်း ကျွန်တော် မြတ်နိုး၏။
"နောင်တော် ဥယျာဉ်တော်ဘက်ကို သွားရမယ် ညီတော် လိုက်ခဲ့ပါလား..."
ကျွန်တော် လူသားများနှင့် ဆက်ဆံရမယ်ကို ပျင်းရိသော်လည်း ကျွန်တော်နှင့် သွေးနှောခြင်းမရှိသည့် နောင်တော်ကိုတော့ ချစ်မြတ်နိုးပါသည်။

YOU ARE READING
ငယ်ချစ်ပုံပြင်
Teen Fictionအချစ်ဦး ဆိုတာ လှပတဲ့ ပုံပြင်လေးတစ်ပုဒ် တွေးလိုက်မိတိုင်း နှုတ်ခမ်းထောင့်ကို တွန့်ကွေးလာစေတယ် သူ...တစ်ဦးတည်းသောသူ