14

4 1 0
                                    

"ဟပ်ချိုး..."

အေးစိမ့်စိမ့် တိုက်ခတ်နေသည့် လေ​အေးကြောင့် ကျွန်တော် ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ဘဲ နှာချေမိလိုက်သည်။ ကုက္ကိုပင်၏ အစိမ်းရောင် အရွက်များရှိသည့် သစ်ကိုင်းက ယိမ်းနွဲ့နေသည်။ တိမ်ထူကာ မိုးအုံ့နေသည့် အတွက် ရာသီဥတုက ခါတိုင်းထက် အေးချမ်းလှသည်။

လေက အနည်းငယ် ပြင်းလာသည်နှင့် ကျွန်တော် ခန္ဓာကိုယ်ကို ပို၍ ကွေးမိသည်။ အနည်းငယ်သော နွေးထွေးမှုလေး ရလိုရညား ကြိုးစားလိုက်မိသည်။ ကျွန်တော် အေးနေသည်မှာ ဘေးနားက ကြည့်နေလျှင်ပင် သိသာလောက်အောင် ကြက်သီးမွှေးညင်းများက ထောင်နေလေပြီ။

နှာချေတာက ရပ်တန့်လန့်လိုက်၍ မရ။ ဦးခေါင်းတစ်ခုလုံး ကိုက်ခဲနေကာ အသက်ရှူရတာလည်း အနည်းငယ်ခက်ခဲလာသည် အောက်မေ့သည်။

"ဝေဠုမာန် နေကောင်းလား...."

ဘေးနားတွင် ထိုင်နေသည့် ရုဒ္ဓက ဂရုတစိုက်နှင့် မေးလာသည်။

"ကောင်းပါတယ်"

သို့သော် ရုဒ္ဓက မယုံသင်္ကါဖြင့် နဖူးထက်က ဆံနွယ်ဖြူများကို အသာဖယ်ရှားကာ အပူချိန်ကို စမ်းသပ်လိုက်သည်။

"သင် ဖျားနေပြီ "

မျက်လုံးထဲက မျက်ရည်ပူများက ဆန္ဒမရှိသော်လည်း ကျဆင်းလာသည်။

"ငါ ဘာမှ မဖြစ်ပါဘူး..."

ကျွန်တော် ထိုင်ခုံပေါ်တွင် လုံးထွေးအောင် ထပ်ထိုင်လိုက်ကာ အာခံတွင်းမှ ပူလောင်သည့် အခိုးအငွေ့များကို မှုတ်ထုတ်ကာ ပြန်ဖြေမိလိုက်၏။

ကိုယ့်ဘာသာ မထူမထောင်ဖြစ်နေသော်လည်း မနေ့က မိုးရေအတူတူ စိုသွားသည့် မင်းသမီးလေးကို ကြည့်လိုက်မိသည်။ သူမက အပေါ်ထပ်ကိုပင် ထပ်မဝတ်ဘဲ အနားတွင်ရှိသည့် ရောင်းရင်းများဖြင့် ပျော်ရွှင်နေသေးသည်။ သူမကျတော့ ဘာလို့လဲ။ ဘာအသားနဲ့ ထုထားတာမို့လို့လဲ။ ခြေမွေးမီမလောင် လက်မွေးမီးမလောင်တဲ့ မင်းသမီးလေးကတောင် နှာတောင် မချေတဲ့ အခြေအနေမှာ ကျွန်တော်ကျတော့ ဖျားနေသတဲ့ ။ ဒါဟာ လက်သင့်ခံစရာ ကောင်းတဲ့ ကိစ္စမဟုတ်ဘူး။ ပြီးတော​့ ကျွန်တော်က ယောကျ်ားလေး။

ငယ်ချစ်ပုံပြင်Where stories live. Discover now