"တွေ့ပြီ တစ်ညလုံးပျောက်လို့ လိုက်ရှာနေတာ..."
ကျွန်တော် ဗီရိုပေါ်တွင် အိပ်ပျော်နေသည်ကို အသံတစ်ချက်သာ ပေးကာပွေ့ချီသွားသည်။ လိုက်ရှာနေသေးသတဲ့လား။
မနက်စာ စားချိန်တွင် မုန်လာဥနီကို တဂျွတ်ဂျွတ်ဝါးနေသည့် ယုန်ငယ်လေးကို ကြည့်နေမိသည်။ ယနေ့သခင် ဘာစားနေမှန်းလည်း သတိမထားမိတော့။
သခင်က ချွန်ထက်တဲ့ သွားစွယ်တွေ မဟုတ်ဘဲနဲ့ သွားနှစ်ချောင်းက ကွက်ကြီးနေတာကို သဘောကျတာလား။ အမွှေးတွေနူးညံ့တာကို သဘောကျတာလား။ အနက်ရောင် မျက်လုံးကို သဘောကျတာလား။ အသီးအရွက်ပဲ စားတဲ့ သတ္တဝါမို့လို့လား။ နားရွက် ရှည်ရှည်တွေကို ကြိုက်တာလား။ ကျွန်တော့် နားရွက်တွေက ချွန်နေလို့လား။
ကျွန်တော့်မှာ ဘာအပြစ်တွေရှိလို့ တခြားတစ်ကောင် ပေါ်လာတာလဲ။"အလုံး ဘာလို့ အဲ့သည်လောက်တောင် ကြည့်နေတာလဲ ခေါင်းမညောင်းဘူးလား"
ဟုတ်လား ကျွန်တော် ခေါင်းစောင်းပြီး ကြည့်နေမိတာလား...
ကျွန်တော် ယုန်တွေကို မမုန်းပါဘူး ဒါပေမဲ့ အိမ်ကို ခေါ်လာတာကိုတော့ လက်မခံနိုင်ပါ။
သခင်ကတော့ ခေါင်းကို ခါရမ်းကာ ဖုန်းကောက်ဆက်လိုက်ပါသည်။
"ဇေယျာ...နင့်ယုန်ကို ပြန်လာခေါ်တော့..."
"..."
"ငါ့ရဲ့ကြောင်က အစားလည်း မစားတော့ဘူး...အခုလည်း အကြားကြီး စိုက်ကြည့်နေတာ..."
"..."
"ပြန်လာခေါ်တော့..."
သခင်က ဇေယျာရဲ့ ယုန်ကို ခေါ်ပေးထားတာလား။ သူ့သခင်ကိုလည်း ကြည့်မရတာ ယုန်ကိုလည်း ကြည့်လို့ မရတာဟာ ဖြစ်နိုင်ပါသည်။ မြန်မြန် ပြန်လာခေါ်ရင် ကောင်းမယ်။
စိတ်လည်း နည်းနည်းကြည်သွားသည့် အတွက် ပန်းကန်ထဲတွင် ရှိသည့် အစာခြောက်များကို ကောက်စားနေလိုက်ပါသည်။ သခင်က အစားထိုးတာတော့ မဟုတ်သေးပါဘူးလေ။
........
နေ့လည် ၂နာရီခန့်တွင် ဇေယျာက အိမ်ရောက်လာသည်။ ဘာကိစ္စကြောင့် နေ့လည်ကြီး ရောက်လာတာလဲ။ အိမ်မှာ ဘယ်သူမှမရှိဘူး ဆိုပြီးတော့ များလား။ ကျွန်တော် အတွေးအရမ်းများလ်န်းနေပြီ။
YOU ARE READING
ငယ်ချစ်ပုံပြင်
Teen Fictionအချစ်ဦး ဆိုတာ လှပတဲ့ ပုံပြင်လေးတစ်ပုဒ် တွေးလိုက်မိတိုင်း နှုတ်ခမ်းထောင့်ကို တွန့်ကွေးလာစေတယ် သူ...တစ်ဦးတည်းသောသူ