မနက်ခင်း အလင်းမှာ နိုးလာပေမဲ့ လန်းဆန်းသွားတယ်လို့လည်း မခံစားရ။ နူးညံ့သည့် မွေ့ယာကလည်း ကျွန်တော့်ကို သေချာအိပ်မပျော်စေပါဘူး။ ကွာခြားသွားတာက ဘာလဲဆိုရင် ကျွန်တော့်ဘေးမှာ ညင်သာစွာ အသက်ရှူနေတဲ့ သခင့်ရဲ့ အခန်းမဟုတ်ဘဲ ကျွန်တော့် အိမ်မှာ ဖြစ်နေလို့ပါပဲ။
ရေချိုးခန်းရဲ့ မှန်ထဲတွင် ကိုယ့်ကိုယ်ကိုမြင်နေရတဲ့ ပုံစံကလည်း ယုံကြည်ချက်လုံးဝ မရှိသလိုပဲ။ အဖြူရောင် ဆံပင်တွေဟာလည်း ခေါင်းဖြီးလိုက်တိုင်း ကျွတ်လာသည်။ သခင်က ကျွန်တော့်ရဲ့ ကျန်ရှိနေတဲ့ နွေရက်တွေမှာ ခြောက်ကပ်ကပ်နဲ့ပဲ ရှင်သန်ခိုင်းချင်သည် ထင်သည်။
နောက်ဆုံးတော့လည်း ကျွန်တော့် ဆေးခန်းကို ပြန်လာဖြစ်တာပါပဲ။ သက်ပိုင်နောက် လိုက်သွားတဲ့ နေ့မှာ ရှိတဲ့ အတိုင်း ပစ္စည်းတွေက ကျန်ရှိနေသေးသည်။ တံခါးသော့မခတ်ထားပေမဲ့ ဒီဒေသက သူခိုးတွေက အဖိုးတန်တာတွေ ခိုးယူမသွားသေးတာကို ပဲ ကျေးဇူးတင်နေပါသေးသည်။
ကျွန်တော့် စားပွဲတွင် ထိုင်ရင်း ဆေးခန်း အပြင်ဘက် တခြားလမ်းတွင် ရှိသည့် အိမ်ကလေးကို လှမ်းကြည့်မိသည်။ အိမ်ရှေ့တွင် ခရေပင်ပျိုလေး ရှိသည်။ ခရေပန်းဆိုတာက ဝေလည်းမွှေး ၊ ကြွေလည်း မွှေး ဆိုပေမဲ့လည်း ကလေးတစ်သိုက်က အပင်ပေါ်တက်ကာ ခြွေနေကြသည်။ ခရေပင်က သိပ်မကြီးသည့် အတွက် တက်ရလွယ်မည့် ပုံပင်။ ခရေပန်းဆိုတာက ကြွေတဲ့ အချိန်မှာပဲ ကောက်ယူပြီး သီကုံးရတဲ့ အမျိုးလို့ပဲ ထင်ခဲ့တာ ခူးရင်ရော အဆင်ပြေလား။ နဂိုအတိုင်းရော ပန်းကလှ ပါ့မလား။ အပင်အတွက်ရော ဆိုးကျိုးတွေများ ဖြစ်စေလား။
တစ်ခါတစ်လေဆို ကျွန်တော် ဘာတွေးနေမိမှန်းလည်း မသိဘူး။ ဆေးခန်းလည်း တစ်နေ့တစ်နေ့ ဖွင့်ပြီး ဘာလုပ်နေမှန်းလဲ မသိဘူး။
ကျွန်တော်ပဲ ခရေပန်းကို ခြွေလိုက်ရမလား....အာ...ကြွေရုံမကလို့ ပန်ဆင်ထားတဲ့ လူတောင် ရှိနေပြီပဲလေ။
လူဝင်လာသည့် အတွက် အတွေးတွေကို အဆုံးသတ်လိုက်သည်။ အိမ်မွေးတိရစ္ဆာန်လေးတွေ မပါဘဲ ဒီအတိုင်း လူနှစ်ယောက် သက်သက် ဖြစ်နေသည့် အတွက် စဉ်းစားစရာပင် ကောင်းနေသည်။
YOU ARE READING
ငယ်ချစ်ပုံပြင်
Fiksi Remajaအချစ်ဦး ဆိုတာ လှပတဲ့ ပုံပြင်လေးတစ်ပုဒ် တွေးလိုက်မိတိုင်း နှုတ်ခမ်းထောင့်ကို တွန့်ကွေးလာစေတယ် သူ...တစ်ဦးတည်းသောသူ