အချိန်နာရီရထားလေး အမြန်နှုန်းပြေး
မိုင်တိုင်များလည်းကျော်
အတိတ်ကိုသာ သိမ်းဆည်း စေချင်သူကြင်နာစွာ ရှပ်ပြေးသော
အချစ်မိုးများ ရင်ခုန်တတ်စမှာ
မင်းလက်ဆောင်အနမ်းလေး ငါလွမ်းသည်.....အချည်းနှီးပါဆိုတာ ဆိုပါ ငါလက်မခံခဲ့ပါ ပန်းပွင့်တွေကို လေထဲမှာ မြှောက်ကစား
ပန်းပွင့်ကြွေတွေ ပြန့်ကြဲကုန်တာ မြက်ခင်းစိမ်းဆီမှာ..မင်းအချစ်သာ မွှေး ရနံ့ ထင်စွဲလာ.....အို ပုံပြင်လေးရေ ဘယ်ရောက်သွား
အနေဝေးရင် အိပ်မက်များ
အေးခဲနေ မာကျောသွား
အတူပြန်ဆုံတွေ့တော့မြို့အဝင်လမ်း တောင်စဉ်တန်း တခြားဘက်မှာ
ပြန်ဆုံတွေ့ရင် ငယ်ချစ်က
အမှတ်ရသေးရင်နှုတ်ဆက်ပါ......သခင်၏ ဖုန်းအတွင်းမှ ထွက်ပေါ်လာသည့် ငယ်ချစ်ပုံပြင် သီချင်းက မိုးကျသံနှင့်အတူ မီးဖိုချောင်အတွင်းတွင် ပျံ့လွင့်နေသည်။
ကျွန်တော့် အတွက်တော့ အချစ်ဦးဆိုတာက ဘယ်နှကြိမ်ပဲ စဥ်းစားစဉ်းစား နှုတ်ခမ်းထောင့်ကို တွန့်ကွေးသွားစေတာပါပဲ။ ရင်ထဲမှာ ကြည်နူးသွားစေတယ်။ အချစ်ဦးဆိုတာက အမြဲတမ်း တစ်ယောက်တည်းပဲ။ မေ့လို့ မရဘူးဆိုတာ မှန်ပေမယ့် သူမ မျက်နှာ ဘယ်လိုရှိသလဲ ဆိုတာတော့ ပြန်တွေ့တဲ့ အချိန်ရောက်ရင်တောင် မမှတ်မိလောက်တော့ဘူး ထင်ပါသည်။ သခင်က ဘာလို့ ယနေ့မှ ထူးထူးဆန်းဆန်း သီချင်းတွေ ဖွင့်နေမှန်းလည်း မသိပါဘူး။
ထူးဆန်းတာက တစ်ခုတည်းပဲ မဟုတ်ပါဘူး။ ဒီနေ့ ဟင်းတွေလည်း ချက်နေတယ်...သူမ အပြုအမူတွေက ထူးဆန်းလွန်းလို့ မိုးတွေတောင် ရွာနေတာပါပဲ။
မီးဖိုချောင်က မီးဖွင့်ထားပေမဲ့ မှောင်တော့ မှောင်နေသေးသည်။ ကျွန်တော်ကတော့ ထမင်းစားပွဲအောက်က ထိုင်ခုံပေါ်မှာ အေးအေးလူလူ ထိုင်နေဖြစ်သည်။ ညနေခင်းလည်း ရောက်နေကာ မိုးလည်း ရွာနေသေးသည်။
ခဏအကြာတွင် သခင်က စားပွဲပေါ်တွင် စားဖွယ်သောက်ဖွယ်များ လာချလာသည်။ အနံ့တော့ မွှေးသော်လည်း စားကောင်းမယ်လို့ ယုံကြည်ချက် မရှိ။ ကျွန်တော် အိမ်ရောက်လာသည့် အတောအတွင်းမှာ ငါးကြော်တစ်ခုသာ ကြော်ခဲ့ ဖူးသေးသည်။
YOU ARE READING
ငယ်ချစ်ပုံပြင်
Teen Fictionအချစ်ဦး ဆိုတာ လှပတဲ့ ပုံပြင်လေးတစ်ပုဒ် တွေးလိုက်မိတိုင်း နှုတ်ခမ်းထောင့်ကို တွန့်ကွေးလာစေတယ် သူ...တစ်ဦးတည်းသောသူ