မနက်ခင်း အလင်းမှာ ဝင်လာသည့် အလင်းရောင်လေးနှင့် အတူ ညင်သာသည့် အသက်ရှူသံက တေးဂီတသံများ အားလုံးထက်သာယာသည်။ မျက်လုံး ဖွင့်ဖွင့်ခြင်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ယနေ့ တစ်လောကလုံးကို အလွယ်တကူပင် မေတ္တာထားနိုင်ရန် လုံလောက်သည်။ သခင့်တွင် သံယောဇဉ် လက်ကျန်လေးဖြစ်ဖြစ်၊ မေတ္တာလက်ကျန်လေးဖြစ်ဖြစ် ကျန်ရစ်နေသေးသည် ထင်သည်။ ကျွန်တော် မူလအသွင်ပြောင်းလဲသွားတိုင်း အနားမှာ အမြဲတမ်းရှိနေသည်က အလွန် ပျော်မွေ့ဖွယ် ကောင်းသည်။ သည်လိုသာဆိုလျှင် ကျွန်တော်က ဘယ်လိုစွန့်လွတ်နိုင်တော့မှာလဲ။ မင်းသမီးဆုံးပါးသွားသည်နှင့် ရပ်တန့်သွားသည့် အချိန်များက ယခုမှ ပြန်လည် စီးဆင်းနေသလိုပင်။
ကျွန်တော် အကြိုက်ဆုံး အပြုအမူတစ်ခုဖြစ်သည့် လက်ညိုးလေးနှင့် သူမနှာခေါင်းထိပ်က မှည့်နက်နက်လေးကို ထိတွေ့မိလိုက်သည်။ အကယ်၍ မင်းသမီးလေးသာ အသက်ရှင်နေသေးလျှင် သခင်နှင့် အသက်အတူတူပဲ ရှိနေလောက်သည်။ သခင်ကဲ့သို့ အလှဆုံး ဖြစ်နေလောက်သည်။
သတိရလိုက်တာ မင်းသမီးလေးရယ်....
ကျွန်တော့် အတွေးတို့ အဆုံးမသတ်သေးခင်တွင် သခင်က မျက်လုံးပွင့်လာသည်။ မျက်နှာချင်းက နီးကပ်နေပြီး ကျွန်တော့် လက်ညိုးက သူမ မျက်နှာပေါ်တွင် ဖြစ်သည်။ သခင်စိတ်ဆိုးသွားပုံရသည်။
"ဘာလို့ အရမ်းကြီး နီးကပ်နေရတာလဲ..."
ဒေါသတကြီးနှင့် ကုတင်ပေါ်က ကျွန်တော့်ကို ကန်ချလိုက်သည်။ သည်ရင်ကို ခြေစုန်အကန်ခံလိုက်ရသည့် အကြောင်းအရင်းကို ပြုတ်ကျကာ တင်ပါးတစ်ခုလုံး အောင့်သွားမှ သိလိုက်ရပါသည်။ ကျွန်တော် လူသားအသွင်ပြန်ရောက်နေပြန်ပြီ။ တကယ်ကို မထိန်းချုပ်နိုင်တော့ဘူး။
နာသွားသည့် တင်ပါးလေးကို ပွတ်လိုက်ကာ...
"ကျွန်တော့်ကို ဘာကြောင့် ကန်ချရတာလဲ..."
"ရှင်ပဲ လူကို လန့်အောင် လုပ်တာလေ..."
"သခင်ပဲ ခေါ်ထားတာ မဟုတ်ဘူးလား"
လန့်သွားသည့် အရိပ်အယောင်က ပြေသွားသည့် အတွက် ကျွန်တော်လည်း ကုတင်ပေါ်တွင် ပြန်တက်ထိုင်လိုက်သည်။
YOU ARE READING
ငယ်ချစ်ပုံပြင်
Teen Fictionအချစ်ဦး ဆိုတာ လှပတဲ့ ပုံပြင်လေးတစ်ပုဒ် တွေးလိုက်မိတိုင်း နှုတ်ခမ်းထောင့်ကို တွန့်ကွေးလာစေတယ် သူ...တစ်ဦးတည်းသောသူ