Part{19}Uni/Zawgyi

1.7K 72 15
                                    

Uni

အရှိန်ပြင်းပြင်းနဲ့ ရေကူးကန်ထဲတွန်းချခံလိုက်ရတဲ့မှိုင်းဟာ ရေမကူးတတ်သူမို့ ရေကူးကန်ရဲ့အနက်ဟာ မှိုင်းအတွက်တော့ ကြောက်စရာတစ်ခုလို။

ရေကန်ထဲတွန်းချခံလိုက်ရသည်နှင့်တစ်ပြိုင်နက် ရေတွေဟာ မှိုင်းရဲ့နှာခေါင်းတွေရော ပါးစပ်ထဲပါ အလုံးအရင်းဝင်လာတာကြောင့် ရေတွေမွှန်းသွားရပြီး ရေကန်ထဲတွင်မှိုင်းတစ်ယောက်တည်းကူကယ်ရာမဲ့နေကာ မှိုင်းရဲ့လက်တွေရော ခြေထောက်တွေကပါ ရေကန်ထဲကလွှတ်ရန်ရုန်းကန်နေကြပေမယ့် မှိုင်းဟာ ရေနက်ထဲနစ်သထက်နစ်နေခဲ့သည်။

ဘယ်သူမှမရှိတဲ့ ရေကန်ထဲမှိုင်းရဲ့လက်တွေနဲ့ရေတွေကိုရုန်းကန်ပုတ်ခတ်နေတဲ့အသံဟာ ကျယ်လောင်စွာ။

ယနေ့ဟာ မှိုင်းအတွက်အဆုံးသတ်နေ့များလား။

ထိုစဉ်အချိန်အတွင်းမှာပဲ swimming poolရဲ့တစ်ဖက်ခြမ်းမှာဖွဲ့စည်းထားတဲ့ 'မ'အဝတ်လဲခန်းအတွင်း မိန်းကလေးတစ်ယောက်ဟာ ရေကူးဖို့အသင်ဆင့်ဖြစ်နေသည့်ဟန် ပေါင်လယ်လောက်ထိရှည်တဲ့တစ်ဆက်တည်းရေကူးဝတ်စုံအကပ်ကိုဝတ်ဆင်ထားပြီး နားထဲတွင်လည်း နားကြပ်တစ်ခုရှိနေကာ လူတစ်ယောက်နဲ့ဖုန်းပြောနေသည့်ဟန် မိန်းကလေးဆီကအသံထွက်လာလေသည်။

"တစ်ခွင် အခုချိန်ထိမလာသေးဘူးလား။သဲ
ဘယ်အချိန်ထိစောင့်ရမှာလဲ"

'ကိုယ်လာနေပါပြီကွာ ခနပဲစောင့်ပေးနော် သဲလေး'

"အင်းပါ မြန်မြန်လာခဲ့နော်"

ဖုန်းပြောပြီးတာနဲ့ သဲအိန္ဒြခေတ် တစ်ယောက်နားကြပ်တွေကိုဖြုတ်လိုက်ကာ အပြင်ထွက်ဖို့တံခါးအဖွင့် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် မျက်လုံး​တွေပြူးကျယ်ကုန်တော့သည်။

ရေကန်ထဲမှာ လူတစ်ယောက်ရေနစ်နေတာပဲ။

"ဟာ ဒုက္ခပါပဲ"

သဲအိန္ဒြခေတ်တစ်ယောက် ရေကန်ထဲမှာရုန်းကန်နေတဲ့လူကို ကယ်တင်ရန်မစိုင်းမတွပဲ ရေကန်ဆီပြေးသွားလိုက်ပြီး ရေကန်ထဲခုန်ဆင်းလိုက်ပါတော့သည်။
______________________

စစ်တစ်ခွင်တစ်ယောက် ချစ်ရတဲ့ကောင်မလေးအသစ်ဆက်ဆက်လေးနဲ့ ရေကူးပြိုင်ဖို့ချိန်းထားတာကြောင့် သွက်လက်တဲ့ခြေလှမ်းတွေက swimming poolကိုသွားဖို့ဉီးတည်နေပါတော့သည်။

My Husband is bad boy   Where stories live. Discover now